DVB Logo
Home
မြန်မာသတင်း
ရပ်ထားသည့် YBS 20 ဘတ်စ်ကားပေါ် ဗုံးကွဲ
DVB
·
October 27, 2021
ရပ်ထားသည့် YBS 20 ဘတ်စ်ကားပေါ်  ဗုံးကွဲ
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရိုးကြီးမှတ်တိုင်းအနီး အနော်ရထာလမ်းမပေါ်ရှိ Gas ဆိုင်ရှေ့မှာ  ရပ်ထားတဲ့ YBS 20  ဘတ်စ်ကားတစီးပေါ်မှာ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီလောက်က  ဗုံးပေါက်ကွဲခဲ့​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဗုံးက ကားပေါ်မှာပဲပေါက်သွားတာ။ ကားကနေ အငွေ့တွေထွက်လာတာ။ ဗုံးလို့တောင်မထင်ဘူး။ စစ်သားတွေရောက်လာမှ ဗုံးမှန်းသိတာ" လို့ ဒေသခံ မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူနဲ့ကား ထိခိုက်မှုမရှိခဲ့ပေမယ့် အနီးနားရှီ ပြည်သူ ၄ ယောက်လောက်ကို  စစ်ကောင်စီက ဖမ်းစစ်ဆေးနေတာတွေ့ခဲ့​တယ်လို့လည်း ဆိုပါတယ်။

YBS 20 ယာဥ်လိုင်းကို ဘယ်အဖွဲ့က ဖောက်ခွဲလိုက်တယ် မသိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013