DVB Logo
Home
မြန်မာသတင်း
YBS 20 ယာဉ်ပေါ်တက်၍ တုတ်ကိုင် ခြိမ်းခြောက်ငွေတောင်းမှု ဖြစ်ပွား (ရုပ်သံ)
DVB
·
August 23, 2017
YBS 20 ယာဉ်ပေါ်တက်၍ တုတ်ကိုင် ခြိမ်းခြောက်ငွေတောင်းမှု ဖြစ်ပွား (ရုပ်သံ)
Donate to DVB

ရန်ကုန် လှိုင်သာယာ မီးခွက်ဈေးအနီးမှာ သြဂုတ် ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က တုတ်ကိုင်ဆောင်ထားသူနှစ်ဦးက YBS 20 ခရီးသည်တင်ဘတ်စ်ကားပေါ် တက်လာပြီး ခြိမ်းခြောက် ငွေတောင်းမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို ကားပေါ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာမှ ဖမ်းယူရရှိထားပြီး အဲဒီရုပ်သံဖိုင်နဲ့အတူ သက်ဆိုင်ရာ ရဲစခန်းမှာ အကြောင်းကြားထားပေမယ့် ခြိမ်းခြောက်ငွေတောင်းခံသူနှစ်ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ OMNI FOCUS ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖြော်ပထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ YRTA ကိုလည်း အကြောင်းကြားထားပြီး ခရီးသည်တွေရဲ့ လုံခြုံရေး ထိခိုက်နိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့လည်း တိုက်တွန်းရေးသားထားပါတယ်။

ရုပ်သံ - OMNI FOCUS ဖေ့စ်ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013