DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၂၁၃ ဦးနှင့် ဖမ်းဆီးခံရဆဲ ၇၀၀၀ ကျော်ရှိ
DVB
·
October 27, 2021
အကြမ်းဖက်စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၂၁၃ ဦးနှင့် ဖမ်းဆီးခံရဆဲ ၇၀၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၂၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၂၂၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၂၅ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၃၀၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ ယာခင်းထဲမှာ တဲထိုးနေထိုင်တဲ့ အရပ်သားတယောက်ဖြစ်သူ ကိုဇော်မင်းထွန်းကို အကြမ်းဖက်စစ်အုပ်စုတပ်က အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာနဲ့မနီးမဝေးရှိ ဘုန်းကြီးကျောင်းအနောက်ဘက်မှာ သေနတ်နဲ့ ပစ်သတ်မီးရှို့ခဲ့တယ်လို့ သိရှိရပါတယ်။ 

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက်နေ့က ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၃ ယောက်ဖြစ်ကြတဲ့ အသက် ၄၃ နှစ်အရွယ် ကိုသိန်းတင့်၊ အသက် ၅၂ နှစ်အရွယ် ဦးမြဝင်းနဲ့ အသက် ၃၅ နှစ် အရွယ် ကိုနန်းလွင်တို့မှာ ကျည်ထိမှန်ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

ကိုသိန်းတင့်မှာ လယ်တောအတွင်းရေသွင်းနေချိန် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးမြဝင်းကတော့ နေအိမ်မှာ ရှိနေချိန် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကာ ကိုနန်းလွင်မှာ ကြောက်လန့်ထွက်ပြေးရာမှ ပစ် သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဥတ္တရံရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၂ ယောက် ဖြစ်တဲ့ ကိုထက်ဝေနိုင်နဲ့ ကိုသန်းစိုးဦးတို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုတပ်က အောက်တို ဘာ ၂၃ ရက် ညနေပိုင်းက ဖမ်းဆီးသွားခဲ့ပြီး တောလမ်းတနေရာမှာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ 

နောက်တနေ့ အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ သူတို့ ၂ ယောက်ရဲ့ ရုပ်အလောင်းကို လာယူဖို့ သက်ဆိုင်ရာ မိသားစုတွေဆီ ပရဟိတအဖွဲ့တခုကတဆင့် အကြောင်းကြားလာခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013