DVB Logo
Home
မြန်မာသတင်း
ကိုဂျင်မီအပါအဝင် ဖမ်းဆီးခံထားရသူများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း အမေရိကန်နှင့် ဗြိတိန်ထုတ်ပြန်
DVB
·
October 26, 2021
ကိုဂျင်မီအပါအဝင် ဖမ်းဆီးခံထားရသူများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း အမေရိကန်နှင့် ဗြိတိန်ထုတ်ပြန်
Donate to DVB

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆက်လက်ဖမ်းဆီးနေမှုတွေ၊ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူတွေအပေါ် မတရားဖိနှိပ်နေမှုသတင်းတွေ၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတဲ့ သ တင်းတွေကြောင့် အလွန်အမင်းစိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်သံရုံး တွေက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ စစ်အာဏာရှင်ကို သံရုံးအနေနဲ့ ဆက်လက်တိုက်တွန်းပြီး လုံလောက်တဲ့ ဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လည်း တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီစနစ်ကို နောက်ပြန်လှည့်စေပြီး ဖိနှိပ်နိုင်ဖို့ အကြမ်းဖက်မှုကို ဆက်လက်အသုံးချနေခြင်းအတွက် စစ်အာဏာရှင်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့လည်း အမေရိကန်ပြည်ထောင်စုက ကတိကဝတ် ပြုထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၂၀၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013