DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦးသေ၊ ကလေးများအပါအဝင် ၆ ဦး ဒဏ်ရာရ
DVB
·
October 24, 2021
မိုးဗြဲတွင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦးသေ၊ ကလေးများအပါအဝင် ၆ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ အောက်တိုဘာ ၂၄ ရက် ဒီမနက် ၇  နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး၂ ဦးအပါအဝင် အရပ်သား ၆ ယောက်လောက်ဒဏ်ရာရပြီး  အဲဒီထဲက အမျိုးသမီး ၁ ယောက် သေဆုံးသွားပါတယ်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၂ တပ်ရင်းကနေ မနက် ၇ နာရီလောက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အတွက် မိုးဗြဲမြို့၊ စည်ကား ၁ ရပ်ကွက်နဲ့ စည်ကား ၃ ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး  ကလေးငယ်တွေအပါအဝင် ၆ ယောက် ဒဏ်ရာရရှိခဲ့တာလို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက  ပြောပါတယ်။

“စည်ကား ၃ က ကလေး နှစ်ယောက်ထိတယ်ဗျာ။ ၄ နှစ်နဲ့ ၂ နှစ်အရွယ်ကလေး ၂ ယောက်၊ ယောက်ျားလေး ၁ ယောက်၊ မိန်းကလေး ၁ ယောက်။ စည်ကား ၁ ကတော့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁  ဦးပေါ့နော်။ အမျိုးသားတဦးကလည်း ၆၀ ဝန်းကျင်၊ အမျိုးသမီး ၂ ဦးကလည်း အသက်၆၀ ဝန်းကျင်။ အမျိုးသမီး ၁ ဦးကတော့ သေသွားတယ်။ ကျန်တဲ့အမျိုးသားတဦးနဲ့ အမျိုးသမီးကြီးတဦးကတော့ စိုးရိမ်ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တယ်။ ဒဏ်ရာက စိုးရိမ်ရတယ်။ ပထမဆုံးဒဏ်ရာရတာက အမျိုးသားတဦးဗျာ။ သူက ဗိုက်မှာထိတာ။ သူကတော့ မစိုးရိမ်ရဘူးပေါ့။”

ထိခိုက်ဒဏ်ရာရသူတွေကို မိုးဗြဲဆေးရုံကို ပို့ဆောင်တာမရှိပဲ မိုးဗြဲ Rescue Team က လုံခြုံတဲ့နေရာတနေရာမှာ ဆေးကုပေးနေတယ်လို့ ပြောပါတယ်။

မိုးဗြဲမြို့မှာ PDF တွေလှုပ်ရှားနေတယ်ဆိုကာ မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ၄၂၂ က သူတို့နေထိုင်ရာစခန်းတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လူထုတွေကို ထိမှန်လို့ဆိုကာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို PDF မနက် ၉ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဘက် အပြန်အလှန် အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလို ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကနေ့ မိုးဗြဲမြို့ခံတွေ အများအပြား ထွက်ပြေး တိမ်းရှောင်နေကဲရတယ်လို့လည်း ဆိုပါတယ်။

“ရှိတယ်ဗျာ။ အခု ၂၀ ရာခိုင်နှုန်းလောက်တော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်ဗျာ။ မိုးဗြဲမြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ပြည်သူတွေဗျာ။ ”

ဒါ့အပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့်  နေအိမ် တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒီလို လူထုတွေကိုပါ ထိခိုက်လာတဲ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ်တဲ့အတွက် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့  မိုးဗြဲ PDF တို့ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တဲ့အနေအထားရှိတယ်လို့  ဒေသခံတွက ပြောပါတယ်။

မိုးဗြဲ PDF ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတော့  ပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့ သတိပေးထားတာတွေ့ရပါတယ်။“ပြည်သူလူထုကြီးခင်ဗျာ အစိုးမရတဲ့ စစ်ရေးအခြေနေတွေကြောင့် အစစအရာရာ သတိနှင့် အသိယှဉ်တွဲပြီး ဂရုတစိုက် နေထိုင်ကြဖို့ ထပ်မံအသိပေးအပ်ပါသည်။ ယခုကာလအတွင်း ဆောင်ရန်၊ ရှောင်ရန် အခြေအနေများကိုလည်း အသိပေးပြီး ဖြစ်ပါသည်။ မိမိလုံခြုံရေးကို ပထမဦးစားပေး‌ အဆင့်မှာထားဖို့ တိုက်တွန်းအပ်ပါသည်။ လုံခြုံမည့် နေရာများမှာ နေထိုင်ကြဖို့လည်း သတိပြုစေချင်ပါသည်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013