DVB Logo
Home
Lead Story
သမိုင်းတွင် နေ့စွဲများ (၁၈-၂၄ အောက်တိုဘာ)
DVB
·
October 24, 2021
သမိုင်းတွင် နေ့စွဲများ (၁၈-၂၄ အောက်တိုဘာ)
1 / 5
Donate to DVB

၁၈ အောက်တိုဘာ

လျှပ်စစ်မီးသီး၊ ဓာတ်ပုံ၊  ရုပ်ရှင်ပြစက်တွေ အပါအဝင် နာမည်ကျော်လူသုံးပစ္စည်းထောင်ဂဏန်းထိ တီထွင်ဖန်တီးခဲ့တဲ့ သောမတ်စ်အက်ဒီဆင်ဟာ ၁၉၃၁ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ 

Thomas Alva Edison (1847-1931) Photo-www.flickr.com

၁၉ အောက်တိုဘာ

နအဖ စစ်အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဟာ အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်မှာ ပြန်လည်လွတ်မြောက်ပါတယ်။ 

General Khin Nyunt and his wife (1939- ) Photo-https://commons.wikimedia.org/

၂၀ အောက်တိုဘာ 

လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၅၀ လောက် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် မွန်မာ ဂဒါဖီဟာ နာမည်ကျော် အာရပ်နွေဉီးတော်လှန်ရေးကာလအတွင်း  ၂၀၁၁ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြည်သူလူထုက ဝိုင်းဝန်းသတ်ဖြတ်ခံရလို့ မရှုမလှ အသက်ဆုံးရှုံးရပါတယ်။ 

Muammar Gaddafi (1942-2011) Photo-www.flickr.com

၂၂ အောက်တိုဘာ 

နာမည်ကျော် ပြင်သစ် စာရေးဆရာ ဖြစ်တည်မူပဓာနဝါဒရဲ့ အဓိက တွေ့ခေါ်ရှင် ယန်းပေါဆတ်ဟာ ၁၉၆၄ ခုနှစ် အောက်တိုဘာ  ၂၂ ရက်နေ့မှာ စာပေဆိုင်ရာ နိုဘယ်ဆုကို လက်ခံယူဖို့ ငြင်းပယ်ခဲ့ပါတယ်။ 

Jean Paul Sartre (1905-1980) Photo-www.flickr.com

၂၂ အောက်တိုဘာ

အင်ပရက်ရှင်းနစ် ပန်းချီလောကမှာ ထင်ရှားကျော်ကြားတဲ့ ပေါစီဇန်းဟာ ၁၉၀၆ခုနှစ် အောက်တိုဘာ ၂၂ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

Paul Cezanne (1839-1906) Photo-https://commons.wikimedia.org/
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013