DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် မြောင်မဟာမိတ် ၈ ဖွဲ့တိုက်ပွဲဖြစ်၊ ရွှေစာရေးရွာကို စစ်တပ်ဝင်စီးသဖြင့် လူ ၁၅၀၀ ခန့် ထွက်ပြေး
DVB
·
October 24, 2021
စစ်ကောင်စီနှင့် မြောင်မဟာမိတ် ၈ ဖွဲ့တိုက်ပွဲဖြစ်၊ ရွှေစာရေးရွာကို စစ်တပ်ဝင်စီးသဖြင့် လူ ၁၅၀၀ ခန့် ထွက်ပြေး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ကျေးရွာ-ဆွဲလဲအိုကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့တို့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ Myaung Special People’s Defense Force–MSPDF၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces၊ PDF–Taloke၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ် နဲ့ Myingyan Ranger မဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မြောင်မြို့နယ်ကနေ ကျေးရွာတွေစီလာတဲ့ စစ်ကောင်စီ ကား ၃ စီးကို မဟာမိတ်အဖွဲ့တွေက မိုင်း ၆ လုံးဆွဲတိုကိခိုက်ခဲ့တာလို့ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တိုက်ဂါးက ပြောပါတယ်။

“ကားလေး ၁ စီး နဲ့ ကားကြီး ၁ စီး ထိထိမိမိကို မိတယ်ဗျ။ ကျန် ၁ စီးကတော့ မိုင်းအဖျားခတ်သွားတယ်။ သေဆုံးမှုကတော့ ကျနော်တို့ဘက်က အကျဆုံးမရှိဘူးဗျ။ စစ်ကောင်စီဘက်က အနည်းဆုံး ၁၅ ယောက်ထက်မနည်း ကျဆုံးနိုင်တယ်ဗျ။ အဲကျဆုံးတဲ့အထဲမှာ သုံးပွင့်ဗိုလ် တစ်ယောက် ပါတယ်၊ မျက်မြင်သူတွေက ကျနော်တို့ကို ပြန်ပြောကြတယ်။”

အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ အနီးပတ်ဝန်းကျင်ကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်က မွေးမြူရေးကြက်ခြံ ၆ ခြံထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်‌ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရွှေစာရေးကျေးရွာကို စစ်ကောင်စီတပ်က အင်အားသုံးစီးနင်းဝင်ရောက်ရှာဖွေတာကြောင့် ဒေသခံ ၁၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရွှေစာရေးကျေးရွာကို အောက်တိုဘာ ၂၃ ရက်နေ့ ည ၆ နာရီလောက်မှာ စစ်ကောင်စီတပ် အင်အား ၁၅၀ လောက်က ချင်းတွင်းမြစ်အတွင်းကနေ အမြန်ရေယာဉ်တွေ အသုံးပြုပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ရွေစာရေးကျေးရွာက ဒေသခံတစ်ဦးက “ည ၆ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်တွေက ရွေစာရေးရွာကို လက်နတ်ကြီးနှစ်ချက်ဖောက်ဝင်တယ်၊ လက်နက်ငယ်တွေ၊ အော်တိုသေနတ်တွေနဲ့ အကုန်ရမ်းပစ်တယ်။ ဘာတွေဖြစ်မလဲတော့ မသိရသေးဘူး။ ခြေဦးတည့်ရာ အကုန်ထွက်ပြေးရတယ်။ ဘာကြောင့် ဒီကောင်တွေလာကြတာလဲဆိုတော့ ကျနော်တို့ရွာက  သစ်တောကင်းစခန်းက သစ်တွေကို PDF တွေကယူတယ်ဆိုပြီး သစ်တောတာဝန်ကျတောအုပ်၊ တောခေါင်း ကျော်သူရနဲ့ ဘောလေး ဆိုသူက တိုင်လို့ အခုလိုလာတာ” လို့ ပြောပါတယ်။

တောခေါင်းဘောလေး ဆိုသူက ရွှေစာရေးကျေးရွာ အကုန်ပြာကျသွားမယ်ဆိုပြီး ကြုံးဝါးခဲ့ဖူးတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရွှေစာရေးကျေးရွာဟာ ဘုတလင်မြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်မှာတည်ရှိပြီး အိမ်ခြေ ၃၂၀ ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013