DVB Logo
Home
မြန်မာသတင်း
ဆင်မကြီးမိုမို အသက် ၆၈ နှစ်ပြည့်မွေးနေ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပ
DVB
·
October 22, 2021
ဆင်မကြီးမိုမို အသက် ၆၈ နှစ်ပြည့်မွေးနေ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပ
Donate to DVB

ကလေးတို့အချစ်တော် ဆင်မကြီးမိုမိုဟာ အခုနှစ်မှာတော့ အသက် ၆၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့မွေးနေ့ကို နှစ်စဉ်ကျင်းပမြဲ ထုံးစံအတိုင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပနေပါတယ်။

အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တိရစ္ဆာန်ဥယျာဉ်ကို ကာလရှည်ကြာ ပိတ် ထားရတဲ့အပြင် စစ်အာဏာသိမ်းမှုတွေကြားက ကျင်းပရတဲ့ မွေးနေ့ ဖြစ်လာခဲ့တာပါ။

လွိုင်ကော်ဒေသတောနက်ကြီးထဲ ဆင်မိသားစုနဲ့ ကွဲကွာနေတဲ့ အသက် ၇ နှစ်အရွယ် ဆင်မလေးတစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိခဲ့ပြီး ဖမ်းယူခဲ့ပါတယ်။ သူ့ကို အစပိုင်းတုန်းက သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့ သင်ကြားပေးခဲ့ပေမယ့် ပိုင်ရှင်ဖြစ်သူက ၁၉၆၁ ခုနှစ် ဇွန် ၆ ရက်မှာတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပို့ ဆောင်လှူဒါန်းခဲ့ပြီးနောက်ပိုင်းမှာတော့ ဆင်မလေးနာမည်ကို မိုမိုလို့ လူသိများလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဆင်မလေးမိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ကပြဖျော်ဖြေပွဲတွေ အများကြီးကို အပတ်စဉ် တင်ဆက်ခဲ့သလို မြင်းခင်းသဘင်ပွဲတော်၊ လှေသဘင် ပွဲတော်၊ တရုတ်ပြည်က စွယ်တော်ပင့်ဆောင်တာ စတဲ့ အခမ်းအနားတွေမှာလည်း ပါဝင်ခဲ့ ပါတယ်။

ဆင်မကြီး မိုမိုဟာ တိရစ္ဆာန်ရုံက ဆင်တွေထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ ဖျော်ဖြေမှုတွေကနေ အနားယူထားပါတယ်။

လတ်တလောမှာတော့ ဆင်မကြီးမိုမိုရဲ့ မွေးနေ့သီတင်းပတ် အနေနဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဝင်ကြေး လူကြီးတယောက်ကို ကျပ် ၂၀၀၀၊ ကလေးတယောက်ကို ကျပ် ၁၀၀၀ စီ သတ်မှတ် ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013