DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် နယ်မြေကျော် စစ်ကောင်စီတပ်ကို KNLA ပစ်ခတ်တိုက်ခိုက်၊ ၆ ဦးသေ
DVB
·
October 21, 2021
ကြာအင်းဆိပ်ကြီးတွင် နယ်မြေကျော် စစ်ကောင်စီတပ်ကို KNLA ပစ်ခတ်တိုက်ခိုက်၊ ၆ ဦးသေ
Donate to DVB

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာမှာ အောက်တိုဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီလောက်က နယ်မြေကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ကို ကေအန်အယ်လ်အေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ကေအန်ယူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ကေအန်ယူထိန်းချုပ်နယ်မြေကိ် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက မော်တော်ယာဥ်တစ်စီးနဲ့အတူ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် နယ်မြေလုံခြုံရေးရယူနေတဲ့ တပ်မဟာ ၆ တပ်ရင်း ၁၆ က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၆ ဦးနဲ့အတူ လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့တာပါ။

တောင်စွန်းကျေးရွာသား ဒေသခံတစ်ဦးက "မနေ့က စကစရဲ့ တပ်ဖွဲ့ဝင် ၆ ယောက်က ကားတစ်စီးနဲ့ နယ်မြေကျော်လာတော့ တိုက်ပွဲဖြစ်တယ်။ ညဘက် စကစတပ်တွေ သူတို့လူသေလို့ ရွာကို အငြှိုးထားမှာ တရွာလုံး စိုးရိမ်နေခဲ့ရတယ်။ လူကိုဖမ်းတာ ရိုက်နှက်တာတွေ ရှိတယ်လေ” လို့ ပြောပါတယ်။

​ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ဖားပြကျေးရွာအနီးကနေ ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားနယ်မြေဘက်အခြမ်းကို ညအချိန် လက်နက်ကြီးနဲ့ ပစ်ခတ်မှုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ အဆိုပါနေ့မှာပဲ ကေအန်ယူ ထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် ခုံခံကျေးရွာအနီးမှာ အာဏာသိမ်းစစ်​ကောင်စီရဲ့ ခလရ-၂၈၃ တပ်ရင်းက  နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်လ်အေ တပ်ရင်း ၁၆ တပ်ခွဲ ၂ နဲ့ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကော့ကရိတ်မြို့တောင်ဘက် အာရှလမ်းမကြီးဘေးကနေ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေကျူးကျော်ဝင်ရောက်ဖို့ လုပ်ဆောင်လာတာတဲ့အတွက် နေစဥ်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် လူ၊ နေအိမ်နဲ့ တိရစ္ဆာန်တွေ ထိမှန်ပျက်စီးတာတွေအပြင် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013