
ဒီနေ့မနက်အစောပိုင်းက အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဘန်လေအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တာမှာ မန်စီးတီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာကို တက်သွားပါတယ်။
မန်စီးတီးအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး ဟာလန်းက ပွဲချိန် ၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် တကိုယ်တော်ဆွဲပြေးပြီး ကန်သွင်ယူခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ မန်စီးတီးတို့ သွင်းဂိုးတွေ ပိုရဖို့ ကြိုးစားခဲ့ပေမဲ့ တိုင်ထိတာ၊ ဘန်လေဂိုးသမား ကာကွယ်တာတွေကြောင့် ပွဲအပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ပဲ အနိုင်ရခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူပေမဲ့ သွင်းဂိုး အသာနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာကို တက်သွားပြီ ဖြစ်ပါတယ်။










