DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ကုလတောင်းဆို
DVB
·
October 19, 2021
ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ကုလတောင်းဆို
Donate to DVB

စစ်ကောင်စီက အကျဉ်းသားတွေလွှတ်ပေးလိုက်တာနဲ့ပတ်သက်လို့  ကုလသမဂ္ဂက အသေးစိတ် အချက်လက်တွေကို သိအောင် လုပ်သွားမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်ပြီးလွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ စတက်ဖနီဒူဂျာရစ်က အောက်တိုဘာ ၁၈ မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊  ဖိနှိပ်မှုကို အဆုံးသတ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံနေရသူ ၁,၃၁၆ ယောက်ကို ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သလို အမှုရင်ဆိုင်နေရဆဲ ဖမ်းဆီးထိန်းသိမ်းထား သူ ၄,၃၂၀ ကို အမှုတွေ ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ကတော့ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မနေ့က ရန်ကုန် အင်းစိန်ထောင်က အကျဉ်းသား ၆၄၇ ဦး၊ မန္တလေး  အိုးဘိုထောင်က အယောက်  ၈၀၊ ဘားအံထောင်က ၇၁ ယောက်၊ ကော့သောင်းထောင်မှ အချုပ်သား ၄၆ ဦး၊ သာယာဝတီထောင်မှာ ၁၂ ဦး၊ ပဲခူးအချုပ်ထောင်မှာ  ၇ ဦး   စသဖြင့်ပြန်လွတ်လာပြီး မိတ္ထီလာထောင်မှ လွတ်မြောက်လာသူ ၃၈ ဦးအနက် ၁၁ ဦး ပြန်အဖမ်းခံရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ စာရင်းတွေအရတော့ နွေဦးတော်လှန်ရေးကာလအတွင်း မနေ့ကအထိ  ပြည်သူ ၉၀၄၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၃၅၅ ယောက်ကတော့ လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၅၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013