DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
October 16, 2021
ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ဒေသခံ  CNDF  တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က  တစ်ယောက် သေဆုံးကာ တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့  CNDF  က ထုတ်ပြန်ပါတယ်။

သီးဘွာလ်တပ်စခန်းကို မနေ့ မနက် ၁၁ နာရီလောက်က CNDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာတိုက်ပွဲ ဖြစ်ပွာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အသုံးပြုပြီးတော့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပေမဲ့ CNDF တပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ တင့်ကား၊ စစ်ကားတွေ အပါအဝင် အင်အားအများအပြားနဲ့ ဖလမ်းမြို့ကို ရောက်ရှိနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါးလမ်းတွေကို သေရေး ရှင်ရေးကိစ္စက လွဲလို့ မဖြတ်သန်းဖို့ CNDF သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013