DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်တွင် စစ်ကောင်စီ ကြည်းတပ်အင်အား ဖြည့်တင်းပြီး ပိုမိုတင်းကျပ်စစ်ဆေးနေ
DVB
·
October 16, 2021
ခရမ်းမြို့နယ်တွင် စစ်ကောင်စီ ကြည်းတပ်အင်အား ဖြည့်တင်းပြီး ပိုမိုတင်းကျပ်စစ်ဆေးနေ
Donate to DVB

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားပိုမိုတိုးမြှင့်ထားပြီး အစစ်အဆေးတွေကို  အရင်ကထက် ပိုတင်းကျပ်ပြုလုပ်နေတယ်လို့  ဒေသခံက ပြောပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၆၅ ဦး နုတ်ထွက်ခဲ့တဲ့ ခရမ်းမြို့နယ်မှာ  အောက်တိုဘာ ၁၂ ရက်နေ့စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) - ခရမ်းမြို့နယ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက် ခုလို  တင်းကျပ်လာတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “ခရမ်းမှာ စစ်တပ်က ရေတပ်ရော၊ ကြည်းတပ်ရော တိုးလာတယ်။ ဒီနေ့ စစ်သားတွေ အများကြီးပဲ။ ပထမ ခရမ်းမှာ ကြည်းတပ် မရှိဘူး။ အခု ကြည်းတပ် ချထားလိုက်တယ်။ မနေ့ညကတည်းက ခရမ်းမှာ သူတို့ သေနတ် အချက် သုံးဆယ်လောက် ဖောက်တယ်။ ဒီနေ့ ရန်ကုန်က တက်လာတာ ဆယ်စီးလောက် ရှိတယ်။ ပိုဆိုးလာတယ်။ သန်းခေါင်စာရင်း၊ မှတ်ပုံတင်တွေ၊ ထောက်ခံစာတွေရှိမှ သွားလို့ရတယ်” လို့ ပြောပါတယ်

ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) - ခရမ်းမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးစ သပိတ်တိုက်ပွဲကာလ ဖေဖော်ဝါရီလနှောင်းပိုင်းက ဖွဲ့ခဲ့တဲ့ ခရမ်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ခရမ်းမြို့နယ်တွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အကုန်လုံး နုတ်ထွက်ခဲ့ပြီးနောက် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)ကိုဖွဲ့စည်းခဲ့တာပါ။

ဒီအဖွဲ့မှာ မြို့မိမြို့ဖအစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး အစုအဖွဲ့၊ ဌာနဆိုင်ရာ CDM ၀န်ထမ်းများ အစုအဖွဲ့၊ တက်ကြွလှုပ်ရှားသူများ အစုအဖွဲ့၊ တရားရေးနှင့်ကျန်းမာရေးအစုအဖွဲ့တွေနဲ့ အချိုးကျဖွဲ့ထားတာ ဖြစ်ပြီး အဆင့်လိုက် တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013