DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster Dose လာမထိုးကြရန် ပန်ကြား
DVB
·
October 14, 2021
ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster Dose လာမထိုးကြရန် ပန်ကြား
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူတွေအနေနဲ့ တတိယအကြိမ် Booster Dose ကာ ကွယ်ဆေးထိုးနှံမှု မပြုလုပ်ကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက  ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာ တချို့လူတွေဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်ကြိမ်အပြည့် ထိုးပြီးသွားပြီ ဖြစ်ပေမဲ့  တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထပ်လာထိုးနေတာတွေ့ရကြောင်းနဲ့ ဒီလူတွေအနေနဲ့  ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့လူတွေကို ဦးစားပေးတဲ့အနေနဲ့ လာမထိုးကြဖို့ အဆိုပါ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံမှာ ကာကွယ်ဆေးလွှမ်းခြုံမှု ဦးတည်အုပ်စုတွေ အလိုက် မြင့်မားစွာရရှိလာတဲ့အခါ  တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထိုးနှံရန် လိုအပ်ပါ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်မယ်လို့ လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၂ ရက်အထိ လူဦးရေ ၁၀ ဒသမ ၆  သန်းလောက် ထိုးနှံပေးပြီး ဖြစ်ကြောင်းနဲ့ လတ်တလောမှာတော့ ကာကွယ်ဆေး ၂ ကြိမ်အပြည့် လွှမ်းခြုံမှုရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းလောက် ရရှိပြီးဖြစ်တယ်လိုသိရပါတယ်။

ရောဂါကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးနှံခြင်းမရရှိသူတွေအနေနဲ့ ရောဂါကူးစက်ခံရ ပါက ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေဟာ အကြိမ်ပြည့်ထိုးနှံခြင်း ခံယူထားသူတွေနဲ့ နှိုင်းယှဉ်ရင် အလွန်မြင့်မားတာကြောင့် ကာကွယ်ဆေးထိုးဖို့ ကျန်ရှိသူ တွေကို ဦးစားပေးကာ အစီအစဉ်အလိုက် လူတိုင်းကာကွယ်ဆေးထိုးနှံမှုပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၈၀,၀၀၀ နီးပါး နဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါ တယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လ ခွဲနီး ပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့ တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013