DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့သည့် ကျူရှင်ဆရာအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၁ ဦးရှိလာ
DVB
·
October 10, 2021
စစ်တပ်ကသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့သည့် ကျူရှင်ဆရာအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၁ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၁ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ် တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၈၃၅ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၁၆၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအုပ်စု၊ ကင်းကျေးရွာမှ ထူးချွန်အောင်ပညာရေးဘော်ဒါကို တည် ထောင်သူတယောက်ဖြစ်တဲ့ ကျူရှင်ဆရာ ဦးသိန်းဇော်ကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ က မတ္တရာမြို့အဝင်စစ်ဆေးဂိတ်မှာ ဖမ်းဆီးသွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ပြီး ရုပ်အ လောင်းကို လမိုင်းကျေးရွာအနီးမှာ တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၈ ရက် ညအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ ပ ညာဇေယျုံကျောင်းတိုက်မှ ဓမ္မာစရိယဆရာတော် ဥူးမေဓာနန္ဒကို အကြမ်းဖက်စစ်အုပ်စု က အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နောင်းမီကျေးရွာမှ အသက် ၂၀ အရွယ် ဇင်ထုန်းနောင် လတ်ကို အကြမ်းဖက်စစ်အုပ်စုတပ်တွေက သူတို့ရဲ့ စစ်ကြောင်းတိုက်ခိုက်ခြင်းမခံရစေဖို့ အတွက် လူသားဒိုင်းကာသဖွယ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013