DVB Logo
Home
မြန်မာသတင်း
DVB ၊ BBC ၊ VOA သတင်းများ မကြည့်ရန် စစ်ကောင်စီဝန်ကြီး တားမြစ်
DVB
·
October 9, 2021
DVB ၊ BBC ၊ VOA သတင်းများ မကြည့်ရန် စစ်ကောင်စီဝန်ကြီး တားမြစ်
Donate to DVB

စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်၊ ပူတာအို ခရီးစဉ်အတွင်း DVB၊  BBC နဲ့  VOA သတင်းတွေ မကြည့်ဖို့  ဒေသခံတွေကို တားမြစ်စည်းရုံးခဲ့တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်က ရောက်ရှိလာတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သူ့ရဲ့ ပူတာအိုခရီးစဉ်မှာ နောင်မွန်၊ မချမ်းဘော့၊ ခေါင်လန်ဖူးနဲ့ ပန်နန်းဒင်မြို့တွေမှာ နေထိုင်တဲ့ ဒေသခံတွေကို ပြောခဲ့တာပါ။

စစ်ကောင်စီဝန်ကြီးဟာ တစ်မြို့ပြီး တမြို့လှည့်လည်သွားလာခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာ DVB၊  BBC၊ VOA၊ စတဲ့သတင်း ဌာန‌တွေဟာ သတင်းအမှောင်ချ ဝါဒဖြန့် သတင်းအမှားတွေကိုသာ ထုတ်လွှင့်‌နေလို့ မယုံကြည် ကြဖို့ အထူးမှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ပူတာအို၊ မချမ်းဘော့၊ မဂွေဇ၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်တို့မှာရှိတဲ့ လမ်းတံတားတွေကို စစ်ဆေးပြီးတော့ ရပ်မိရပ်ဖတွေ ဌာနေပြည်သူ့စစ်တွေနဲ့ တွေ့ဆုံခဲ့ကာ ပြည်သူ့စစ်သင်တန်းသားတွေကိုလည်း အားပေးစကား ပြောခဲ့တယ်လို့‌ ၄၆ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပူတာအိုမြို့ကို သွားဖို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ ရာသီဥတု အေးတာကို အကြောင်းပြပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ၂ ကြိမ်ရှိခဲ့ပြီး  သူ့ကိုယ်စား နယ်လုံဝန်ကြီးကို  စေလွှတ်ခဲ့တယ်လို့ သိရ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013