DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်၌ ကပစစက်ရုံဝန်ထမ်း ၄ ဦးအပါဝင် ကိုဗစ် -၁၉ အတည်ပြုလူနာ ၂၃ ဦးတွေ့ရှိ
DVB
·
October 4, 2021
မင်းလှမြို့နယ်၌  ကပစစက်ရုံဝန်ထမ်း ၄ ဦးအပါဝင် ကိုဗစ် -၁၉ အတည်ပြုလူနာ ၂၃ ဦးတွေ့ရှိ
1 / 4
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၃ ရက်က စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၄ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှာ မနေ့က နေလယ်ပိုင်းက ကိုဗစ်-၁၉ သံသယလူနာတွေနဲ့ နေရပ်ပြန်လာသူ ၄၅၃ ယောက်ကို RDT Test Kits နဲ့ စစ်ဆေးရာ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အဲဒီပိုးတွေ့တဲ့အထဲမှာ ကပစ(၂)က အမျိုးသား ၂ ယောက်၊အမျိုးသမီး တစ်ယောက်နဲ့ ကပစ(၁၀)က အမျိုးသား ၁ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့တဲ့လူနာတွေကို ကပစစက်ရုံနှစ်ရုံရှိ  ကိုဗစ်စင်တာတွေနဲ့ ကျေးရွာ ကိုဗစ်စင်တာတွေမှာ ဆေးကုသပေးနေပါတယ်။

မင်းလှမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၅၂ ဦး တွေ့ရှိခဲ့ပြီး သေဆုံးတဲ့သူ ၆၇ ယောက်ရှိတယ်လို့  ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013