DVB Logo
Home
မြန်မာသတင်း
မြေသြဇာနှင့် ပိုးသတ်ဆေး အဆမတန်ဈေးတက်လာသဖြင့် တောင်သူများ အခက်ခဲကြုံ
DVB
·
October 2, 2021
မြေသြဇာနှင့် ပိုးသတ်ဆေး အဆမတန်ဈေးတက်လာသဖြင့် တောင်သူများ အခက်ခဲကြုံ
Donate to DVB

မြေသြဇာနဲ့ ပိုးသတ်ဆေးတွေစျေး ၂ ဆ​ တက်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့က စပါးစိုက်တောင်သူတွေအနေနဲ့  စိုက်ပျိုးစရိတ်မြင့်တက်လာပြီး အရှုံးပေါ်မယ့် အခြေအနေနဲ့ ကြုံတွေ့နေပါတယ်။

စပါးစိုက်​တောင်သူတစ်ဦးက "အရင်းနှီးအများကြီး ရင်းနေရတာ ခုက၊ မြေသြဇာစျေး အရမ်းများနေပြီ ၂ ဆကျော် တက်တာ။ ပိုးသတ်ဆေးတွေ ဘာတွေကအစ အကုန်တက်နေတယ်။ ဝယ်သုံးရတာ သိပ်အဆင်မပြေကြဘူး" လို့ ပြောတယ်။ 

မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ စျေးတက်နေတာ ၁ လကျော် ၂ လနီးပါးရှိပြီဖြစ်ပြီး အရင်နှစ်တွေက ပုံမှန် ကောမက်တစ်အိတ်ကို ၂၇၀၀၀ ကျပ်ကနေ ၃၀၀၀၀ ဝန်းကျင်သာရှိပြီး  အခုချိန်မှာ ကောမစ်တအိတ်ကို ၆၅၀၀၀ ကျပ်ထိရောက်ရှိနေပြီလို့ သိရပါတယ်။ 

တောင်သူတစ်ဦးက "စပါးစျေးလည်း နည်းနည်းပဲရတယ်။ အရင်က စပါးတင်း ၁၀၀ ကို ကျပ် ၇ သိန်းရတယ်။ အခုက ကျပ် ၈ သိန်းဝန်းကျင်ရတယ်။ လာမယ့်သီတင်းကျွတ်ဆိုရင် စပါးသစ်ပေါ်တော့မယ်။ စပါးသစ်က စပါး​ဟောင်းလောက်စျေးမရဘူး" လို့ ပြောပါတယ်။ 

မြေသြဇာနဲ့ ပိုးသတ်ဆေးတွေစျေး ထပ်တက်နေမယ်ဆိုပါက တောင်သူတွေအနေနဲ့ လာမယ့် သီတင်းကျွတ်စပါးသစ်ပေါ်ချိန်မှာ အရှုံးပေါ်နိုင်တယ်လို့ဆိုပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး ဒေါ်လာဈေးတက်လာတာနဲ့အတူ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေအပါအဝင်  ပြည်ပကနေ  တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ  အဆမတန် ဈေးတက်နေတာဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်ဟာ  ဆန်ဖူလုံမှုရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပိုလျှံတဲ့ ဆန်တွေကို ပြည်ပတင်ပို့နိုင်တဲ့ အထိ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  မနေ့က ရှမ်းပြည်နယ်တောင်ကြီးမြို့ ခရီးစဉ်မှာ ရပ်မိရပ်ဖတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013