DVB Logo
Home
မြန်မာသတင်း
ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်နယ်နှင့်တိုင်း ဒေသ ၅ ခုတွင် Hotline ဖွင့်လှစ်မည်
DVB
·
October 1, 2021
ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်နယ်နှင့်တိုင်း ဒေသ ၅ ခုတွင် Hotline ဖွင့်လှစ်မည်
Donate to DVB

ကလေးအလုပ်သမားပပျောက်ရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ရန်ကုန်အပါအဝင် ဒေသ ၅ခု မှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ပညာရှာရမယ့်အချိန်မှာ အန္တရာယ်ရှိတဲ့ အလုပ်တွေကို မလုပ်စေဖို့နဲ့ စီးပွားရေးအရ အမြတ်ထုတ်မခံရစေဖို့ အချိန်မတိုင်မီ ကျောင်းထွက်တာ မဖြစ်စေဖို့ မိမိတို့လုပ်ငန်းကော်မတီအနေနဲ့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။

ဒီ့အတွက် ဦးစားအနေနဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း၊  မွန်နှင့်ကရင်ပြည်နယ် ဒေသ ၅ ခုမှာ Complaint Center နဲ့  Hotline တွေဖွင့်လှစ်ပြီး ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ စက်တင်ဘာ ၂၉ ရက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့လုပ်ငန်းညှိနှိုင်းစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးရဲတင့်က ပြောပါတယ်။

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ မိသားစုစားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကြောင့် ကလေးသူငယ်တွေဟာ လုပ်ငန်းခွင်ထဲဆီ တွန်းပို့ခံရမယ့် အခြေအနေနဲ့ ကြုံနေရစဉ်မှာ စစ်တပ်ရဲ့ အမြော်အမြင်နည်းပါးတဲ့ အာဏာသိမ်းလုပ်ရပ်ကြောင့် မြန်မာပြည်က ကလေးသူငယ်တွေရဲ့ အနာဂတ်က အဆိုးဆုံးအခြေအနေဆီ တွန်းပို့ခံခဲ့ရတာကို အာဏာသိမ်းစစ်ကောင်စီက မသိကျိုးကျွံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ မိသားစုဝင်တွေရဲ့ နေထိုင်မကောင်းဖြစ်တာ  ဒါမှမဟုတ် သေဆုံးတာ စတဲ့ ဆိုဝါးတဲ့ အခြေအနေတွေက ကလေးတွေကို ကျောင်းပညာရေးနဲ့ အလှမ်းဝေးစေဖို့ တွန်းအားပေးနေကြောင်းနဲ့ အဆိုပါအခြေအနေတွေ ကြောင့် သန်းပေါင်းများစွာသော ကလေးသူငယ်တွေကို ငယ်ရွယ်တဲ့အချိန်မှာပင် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ထဲ တွန်းပို့နေ တဲ့အကြောင်း  UNICEF Myanmar က ၂၀၂ဝ  ဇွန်လ ၁၁ ရက်က  ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကလေးအလုပ်သမား ၁ ဒသမ ၁၃ သန်းရှိတဲ့အနက် ကလေးဦးရေ ၆ သိန်းကျော်က ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေရပါတယ်။

လက်ရှိမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ အတူ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံက ကလေးတွေဟာ သူတို့ အသက်ရှင်သန်ပြီး တိုးတက်ကြီးပွားဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝပြီး ရေရှည် အကျိုး ဖြစ်ထွန်းစေမယ့် အစာအာဟာရကို ရရှိနိုင်ဖို့က ပိုလို့ပင် ခက်ခဲလာစေတယ်လို့ UNICEF Myanmar ကဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ကလေးငယ် ၅ ယောက်မှာ ၂ ယောက်ဟာ တနေ့တာအတွက် လုံလောက်တဲ့အစားအစာတွေကို စားသောက်နိုင်ခြင်းမရှိဘဲ ကလေး ၄ ယောက်မှာ ၁ ယောက်သာ အာဟာရရှိတဲ့ အစားအစာ စားသုံးနေရတဲ့အကြောင်း သတိပေးထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013