DVB Logo
Home
မြန်မာသတင်း
ထီးလင်းတွင် PDF ခေါင်းဆောင်နေအိမ်အပါအဝင် အိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
September 27, 2021
ထီးလင်းတွင် PDF ခေါင်းဆောင်နေအိမ်အပါအဝင် အိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ထီးလင်း PDF ခေါင်းဆောင် နေအိမ်အပါအဝင် နေအိမ် ၄ လုံးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက အကြမ်းဖက် စစ်အုပ်စုတွေနဲ့ ဒလန်တွေ ပူးပေါင်းပြီး PDF ခေါင်းဆောင် ကိုနိုင်ရဲ့ နေအိမ်အပါအဝင် ဒေါ်တင်မာစိုး၊ ဦးလှဝင်းနဲ့ ဦးအောင်ထိုက်တို့ရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဒလန် သုံးယောက်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ သတင်းပေးတာကြောင့် PDF ခေါင်းဆောင်ရဲ့ နေအိမ်ကနေ စတင်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် PDF နဲ့ ဆက်စပ်တဲ့ နေအိမ်တွေကို ထပ်ပြီးတော့ မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ကြိမ်းဝါးနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းကတည်းက ထန်းပင်ကုန်းရွာကို အင်အား ၈၀ လောက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခြေလျင် ပစ်ခတ်ဝင်ရောက်လာတာ ဖြစ်ပြီး ကျေးရွာခန်းမနဲ့ စာသင်ကျောင်းမှာ လက်ရှိအချိန်အထိ တပ်စွဲထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ တောတောင်တွေကို PDF တပ်ဖွဲ့တွေ ရှိနိုင်တယ် ထင်ပြီးတော့ လက်နက်ကြီး အချက် ၃၀ လောက် ပစ်ခတ်ခဲ့ပြီး အိမ်ခြေ ၁၂၀ လောက်ရှိတဲ့အနက် ဒလန် အိမ် ၅ အိမ်လောက်သာ ကျန်ခဲ့ပြီးတော့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013