DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေး ဆက်ကြိုးပမ်းမည်ဟု ဒိန်းမတ်သံရုံး အကြီးအကဲအသစ်ပြော
DVB
·
September 27, 2021
မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေး ဆက်ကြိုးပမ်းမည်ဟု ဒိန်းမတ်သံရုံး အကြီးအကဲအသစ်ပြော
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲသစ် မစ္စတာ Anders Graugaard ဟာ  စက်တင်ဘာ ၂၆ ရက်မှာ ရန်ကုန်ကို ရောက်ရှိလာတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။ 

“လှပစိမ်းလန်းစိုပြေတဲ့ ရန်ကုန်မြို့ကို ကျနော် မနေ့က ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အခုလို အရေးကြီးတဲ့အချိန်အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားနိုင်ရေးအတွက် ပံ့ပိုးဖို့ ဒိန်းမတ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဒီကို လာရောက်ရတာ ဝမ်းမြောက်ပါတယ်”

နောဒစ်လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ်ဒေသ တနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၁၉၅၅ ခုနှစ်မှာ သံတမန်အဆက်အသွယ် စတင်တည်ထောင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အချိန်ကာလအတော်ကြာ သံရုံးဖွင့်ခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးရာကိစ္စတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဒိန်းမတ်သံရုံးက တာဝန်ယူ ဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာမှ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ရန်ကုန်မြို့မှာ စတင်ဖွင့် လှစ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ သံရုံးဖွင့်လှစ်ခဲ့တဲ့ အချိန်ကာလ ၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013