DVB Logo
Home
မြန်မာသတင်း
အဆိုတော် အီတိုးကို ဖောက်ခွဲရေးလုပ်ငန်းနှင့်ဆက်စပ်ဖမ်းဆီးဟု စစ်ကောင်စီ စွပ်စွဲထုတ်ပြန်
DVB
·
September 26, 2021
အဆိုတော် အီတိုးကို ဖောက်ခွဲရေးလုပ်ငန်းနှင့်ဆက်စပ်ဖမ်းဆီးဟု စစ်ကောင်စီ စွပ်စွဲထုတ်ပြန်
Donate to DVB

အဆိုတော် အီတိုးကို ဖောက်ခွဲရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့အကြောင်း  စက်တင်ဘာ ၂၆ ရက် ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ  စွပ်စွဲ ရေးသားထားပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်မှာ ကားတစီးကို စစ်ဆေးရင်း အတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့နဲ့ ချိတ်ဆက်ပြုလုပ်ထားတဲ့ လက်လုပ် ချိန်ကိုက်မိုင်း ၄ လုံးကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အဲဒီ ကားနဲ့အတူ ကိုကျော်ကိုလင်း (ခ)AJ နဲ့ စိုင်းပိုင်စိုးနောင်(ခ)မာဝီ တို့ကို ဖမ်းဆီးခဲ့ပြီး ကိုကျော်ကိုလင်းရဲ့ ထွက်ဆိုချက်အရ စက်တင်ဘာ ၈ ရက်က မရမ်းကုန်းမြို့နယ်က အိမ်တလုံးကို ဝင်ရောက်ရှာဖွေရာမှာ ကိုဝင်းကိုအောင်၊ ဦးထင်ကျော်နဲ့ မအိဖြူတို့ကို ဆက်လက်ဖမ်းဆီးတယ်လို့ သတင်းစာမှာရေးပါတယ်။ သူတို့ဆီကနေ ၉ မမ ကျည် ၇ တောင့်၊ ပွိုင့်-၂၂ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) ၁ ခု၊ တခြား ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့တွေထွက်ဆိုချက်အရ အီတိုး(ခ) ဝင်းထွဋ်သော်တာကို ဖမ်းဆီးတာဖြစ်ကြောင်း အီတိုးဟာ မေလတုန်းက TNLA အဖွဲ့ဆီမှာ ဖောက်ခွဲရေးသင်တန်းတက်မယ့်သူ ၄ ယောက်ကို သူ့ကားနဲ့ ပြင်ဦးလွင် - နောင်ချိုကတဆင့် မိုးကုတ်သွား ကားလမ်းပေါ်က ပလောင်ရွာကို ပို့ဆောင် ပေးခဲ့ကြောင်းလည်း သတင်းစာမှာ ဖော်ပြပါတယ်။

ပြီးတော့ မေလထဲမှာပဲ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်ဆီကတဆင့်  Signal ကနေ စာတွေ ပေးပို့တယ်လို့လည်း ဆိုပါတယ်။

ကိုကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင်စိုးနောင် (ခ) မာဝီ၊ မအိဖြူနဲ့ ကိုဝင်းကိုအောင်တို့ကို ဖောက်ခွဲရေး သင်တန်း တက်ရောက်ပြီး ဖောက်ခွဲဖို့ ကြိုးစားတာတွေရှိတယ်လို့ အကြမ်းဖက် စစ်တပ်က စွပ်စွဲ ထုတ်ပြန်ထားပြီး ဦးထင်ကျော်ကတော့ ABSDF မှာ ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဇာနည်(ခ) စောဇာနည်အောင်၊ မေရီယန်၊ အောင်မြင့်မြတ်(ခ) ကဗျာ ၊ သန့်ဇင် (ခ) ကျွဲကြီး၊၊ ထက်ဝေယံမင်းလွင်(ခ)ရိုးရိုး၊ ထားထက်ထက်၊ နေရွှန်းကို(ခ) James၊ တိုင်ရွန်နဲ့ အောင်ရဲ(ခ)ပိုးဥတို့ကို ဖမ်းဖို့ ကျန်သေးတယ်လို့လည်း  စစ်ကောင်စီပြန်ကြားရေးသတင်းစာမှာ  ဖော်ပြထားပါတယ်။

စစ်ကောင်စီမီဒီယာတွေမှာ ရေးသားဖော်ပြချက်တွေ မှန်ကန်မှုရှိ၊ မရှိ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို  အဆိုတော် အီတိုးအပါအဝင် ဖမ်းဆီးခံ လူငယ်တွေအနေနဲ့လည်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့  ပြန်လည်တုံ့ပြန်ချေပပြောဆိုခွင့် မရရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013