DVB Logo
Home
မြန်မာသတင်း
မြင်းခြံစစ်တပ်တွင်း ကျဆုံးခဲ့သူအပါအဝင် ကျဆုံးပြည်သူ ၁၁၂၁ ဦးထိရှိလာ
DVB
·
September 24, 2021
မြင်းခြံစစ်တပ်တွင်း ကျဆုံးခဲ့သူအပါအဝင် ကျဆုံးပြည်သူ ၁၁၂၁ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၂၁ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၃၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၇၁၈ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၉၂ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့က စစ်တပ်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုစိုး မောင်မောင်ဟာ ဖမ်းဆီးခံခဲ့ရပြီး ၃ ရက်အကြာ စက်တင်ဘာ ၁၇ ရက်နေ့က ကျဆုံးသွား ခဲ့တယ်လို့ သိရှိရပါတယ်။ ကိုစိုးမောင်မောင်အပါအဝင် လူငယ် ၆ ယောက်ကို လက်နက် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်သားတွေက စက်တင်ဘာ ၁၄ ရက်နေ့က မြင်းခြံမြို့မှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ပျဉ်းမနားမြို့ခံ ကဗျာဆရာ၊ အင်္ဂလိပ်စာနည်းပြ ကိုမျိုးတေဇာ မောင်ကို ရဲတွေက စက်တင်ဘာ ၂၀ ရက်နေ့ညပိုင်းက သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်း ဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းက ကိုမျိုးတေဇာမောင်ရဲ့ လူမှုကွန် ရက် စာမျက်နှာမှာ တင်ခဲ့တဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ အ‌ရေးအသား၊ အကြောင်းအရာတချို့ကြောင့် ဖမ်းဆီးခံရတာလို့ သိရှိရပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားတာကြောင့် အလုပ်ထုတ်ခံထားရတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာမှာ နေထိုင်သူ မြို့ နယ် တရားရုံး အကြီးတန်းစာရေး ဦးစိန်လင်းဦးကို အကြမ်းဖက်စစ်အုပ်က စက်တင်ဘာ ၂၁ ရက်နေ့၊ ညနေ ၄ နာရီလောက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ကြပါ တယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013