DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်လာသူ ၇၀၀ ကျော်၏ အမှုများ ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ဟု စစ်ကောင်စီကြေညာ
DVB
·
September 22, 2021
ဆက်သွယ်လာသူ ၇၀၀ ကျော်၏ အမှုများ ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ဟု စစ်ကောင်စီကြေညာ
Donate to DVB

နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် သတင်းပို့ဆက်သွယ်သူ  ၇၀၂ ဦး တို့ရဲ့ အမှုတွေကို ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့   ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အများအပြားကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်ခဲတာဖြစ်ပါတယ်။ အခု အမှုပိတ်သိမ်းပေးလိုက်သူတွေဟာ ဘယ်သူတွေဖြစ်တယ် ဘာအမှုတွေ ပိတ်သိမ်းပေးလိုက်တယ်ဆိုတာကိုတော့ စစ်ကောင်စီ သတင်းမှာ အသေးစိတ် ဖော်ပြခြင်းမရှိပါဘူး။ 

စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူတွေ မိမိသဘောဆန္ဒအလျောက် ဆက်သွယ် သတင်းပို့ပါက၊ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခြင်းမရှိပါက ဖွင့်ထားတဲ့ အမှုတွေကို ဥပဒေနဲ့အညီ ပိတ်သိမ်း၊ ရုပ်သိမ်းတာတွေကို ဆက်လက်  ဆောင်ရွက်ပေးသွားမယ်လို့ လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကတည်းက  အရေးယူထားမှုတွေကို ဥပဒေနဲ့ အညီ ပြန်လည်ဖြေလျှော့ပေးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ  ၅၃၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းအရတော့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ ဖမ်းဆီးခံရသူပေါင်း  ၆၆၆၆ ဦးရှိပြီး  ဒီအထဲက  ၂၈၀ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့သိရပါတယ်။

ဒါအပြင် နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ စက်တင်ဘာ ၂၀ ရက် အထိ ၁၁၁၄ ဦး ရှိပြီလို့လည်း  AAPP မှတ်တမ်းအရ သိရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013