DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကပစ်သတ်ခဲ့သည့် ခရစ်ယာန်သင်းအုပ်ဆရာအပါအဝင် ကျဆုံးပြည်သူ ၁၁၁၄ ဦး ထိရှိလာ
DVB
·
September 21, 2021
စစ်တပ်ကပစ်သတ်ခဲ့သည့် ခရစ်ယာန်သင်းအုပ်ဆရာအပါအဝင် ကျဆုံးပြည်သူ ၁၁၁၄ ဦး ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၁၄ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၈၉ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၆၃၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၈၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကို အကြမ်းဖက်စစ် အုပ်စုတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တွေ မီးလောင်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ ဆိုင်ကယ်နဲ့သွားတဲ့ ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ Cung Biak Hmun (ကျုံးဗျက်ဟုမ်း)ဟာ ပစ်သတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ နာရီ၊ ဖုန်းအပြင် လက်ချောင်းကိုဖြတ်ကာ မင်္ဂလာလက်စွပ်ကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်ကြီး(ခေါ်) လက်ပံခုံကျေးရွာက အကြမ်း ဖက်စစ်အုပ်စုသတင်းပေး သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဟာ ကျေးရွာအတွင်း စီးနင်းဝင်ရောက်လာခဲ့ပြီး ဒေသခံ ရွာသား ဦးစိုးမင်းဦး(ခေါ်)ပေါကြောင်ရဲ့ နားထင်ကို သေနတ်နဲ့ ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အမည်မသိအမျိုးသားတယောက်ဟာလည်း ဆိုင်ကယ်နဲ့ ရွာအတွင်း ဝင်လာချိန်မှာ ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။

စက်တင်ဘာ ၁၇ ရက်၊ ည ၉ နာရီလောက်က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့ လုလင်ကျေးရွာမှ မူလတန်းကျောင်းဆရာ ဦးအောင်သန်းဇော်နဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကုလားတို့ဟာ ရွာထိပ်က ဆီဆိုင်မှာ ဆိုင်ကယ်ဆီသွားထည့်ချိန် ရွာမှာရှိတဲ့ Mytel တာဝါတိုင်ကို စောင့်နေတဲ့ စစ်သားတွေ တားဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့ကြပါ တယ်။ အဲဒီနောက် ဦးအောင်သန်းဇော်ရဲ့ လည်ပင်းကို အနီးကပ် ပစ်ခတ်ခဲ့လို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဦးအောင်သန်းဇော်ကို မြို့သစ်ဆေးရုံကို ပို့ဆောင် ခဲ့ပြီး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှာတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို လွှဲ ပြောင်းချိန်မှာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီခွဲလောက်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့မှာ နေထိုင်တဲ့ ဦးကျော်ကျော်ဟာ ဆွေမျိုးတယောက် နေထိုင်မကောင်းလို့ ဆိုင်ကယ်နဲ့ သွားရောက်ကြည့်ရှုချိန် အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး တညလုံး ညှဉ်း ပန်းနှိပ်စက်ခံခဲ့ရကြောင်း သိရှိရပါတယ်။ နောက်တရက်မှာတော့ ဦးကျော်ကျော်ရဲ့ မိ သားစုကို အကြောင်းကြားလာတဲ့အတွက် သွားရောက်ခေါ်ဆောင်ချိန်မှာတော့ အသက်ရှိ သေးပေမယ့် လုံးဝမလှုပ်ရှားနိုင်တာကြောင့် မကွေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီနေ့မှာပဲ ကျဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်က ကိုသိန်းစိုးအောင်ဟာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် နောက်တရက်မှာပဲ  ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာတော့ ရိုက်နှက်ခံထားရတဲ့ ဖူး ယောင်ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ နယ်မှာ အကြမ်းဖက်စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံခဲ့ရပြီး ကျေး ရွာအုပ်ချုပ်ရေးမှူးရဲ့ လူယုံသေဆုံးသွားခဲ့ကာ သားဖြစ်သူဟာလည်း ဒဏ်ရာရရှိသွားခဲ့တဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး ကိုသိန်းစိုးအောင်နဲ့ ဇနီးဖြစ်သူအပါအဝင် ဒေသခံ ၃၀ လောက် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013