DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့၌ စစ်ကောင်စီတပ်က ညပိုင်းကင်းပုန်းဝပ်ပြီး ပြည်သူအချို့ကို လိုက်လံဖမ်းဆီး
DVB
·
September 19, 2021
မအူပင်မြို့၌ စစ်ကောင်စီတပ်က ညပိုင်းကင်းပုန်းဝပ်ပြီး  ပြည်သူအချို့ကို လိုက်လံဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ညပိုင်းမှာ ကင်းပုန်းဝပ်ပြီး  ပြည်သူတချို့ကို လိုက်လံ ဖမ်းဆီးနေပါတယ်။

ရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို သတင်းပေးတဲ့ ဒလန်တွေက  လက်ထောက်ချပေးတဲ့ စာရင်းအရ လိုက်လံ ဖမ်းဆီးနေတာလို့  ဒေသခံတွေက ပြောပါတယ်။

"ကင်းပုန်းဝပ်ပြီး ဒလန်ပေးတဲ့ စာရင်းနဲ့ လိုက်ဖမ်းတာ  နေ့တိုင်းနီးပါး ဖမ်းနေတယ်။ စက်တင်ဘာ ၁၈ရက်နေ့ညကလည်း ၁ ရပ်ကွက် က အုတ်သဲကျောက်လုပ်တဲ့ အိမ်က နှစ်ယောက်ဖမ်းခံရတယ်"လို့ မအူပင်မြို့ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူနေအိမ်တွေ ဂိုဒေါင်တွေအကြား ကင်းပုန်းဝပ်ပြီး ညအချိန်မှာ ဒလန်တွေပေးတဲ့ စာရင်းအရ လိုက်လံဖမ်းဆီးတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့မှာ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေနဲ့  လူငယ်တွေအပါအဝင်  ဒလန်တွေရဲ့ သတင်းပေးမှုကြောင့်  ဖမ်းဆီးခံရသူ အယောက်  ၆၀ လောက်ရှိပြီး  ပြန်လည် လွတ်မြောက်လာတဲ့ ၁၀ ယောက်လောက်လည်း ရှိပါတယ်။

( ဓာတ်ပုံ- ယခင်ပုံဟောင်း) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013