DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်ဟောင်း ၁ ဦး ဖမ်းဆီးခံရ
DVB
·
September 19, 2021
ဟုမ္မလင်းတွင် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်ဟောင်း ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာမှာ အန်အယ်လ်ဒီပါတီ အလုပ်မှုဆောင်ဟောင်းတစ်ဦးကို စစ်ကောင်စီတပ်က   စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးသွားပါတယ်။

အခုမနက်အစောပိုင်း ကြို့ပင်ကျေးရွာမှာရှိတဲ့ ဦးအောင်ထွန်းကို စစ်ကောင်စီက စစ်တပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့ အန်အယ်လ်ဒီတာဝန်ရှိသူတစ်ဦးက “အခုဖမ်းခံရတဲ့ ဦးအောင်ထွန်းက ဟုမ္မလင်းမြို့နယ် အန်အယ်လ်ဒီပါတီက အလုပ်မှုဆောင်တစ်ဦး ဖြစ်တယ်။ သူက ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ပါတီကနေ နုတ်ထွက်ခဲ့တယ်။ အခု စစ်ကောင်စီက သူ့ကို ဘာအတွက်ဖမ်းဆီးတယ်ဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ဦးအောင်ထွန်းကို စစ်တပ်က လက်ရှိ ဘယ်မှာဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013