DVB Logo
Home
နိုင်ငံတကာ
စစ်သေနာပတိချုပ်အသစ် မိုဟာမက် အိုဒေး သေဆုံးမှု ဟားမတ်စ် အတည်ပြု
DVB
·
May 29, 2026
Photo: CCTV, CGTN
Photo: CCTV, CGTN
Donate to DVB

အယ်လ်-ကက်ဆမ် တပ်မဟာလို့ခေါ်တဲ့ ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စစ်သေနာပတိချုပ်သစ် အဖြစ် အသစ်ခန့်အပ်ခံထားရသူ မိုဟာမက်အိုဒေးဟာ မေ ၂၆ ရက် ညနေပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ ဟားမတ်စ်အဖွဲ့က မေ ၂၇ ရက်မှာ တရားဝင် အတည်ပြုလိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ပါဝင်ခဲ့သူ ဖြစ်သလို လက်နက်ကိုင်စစ်ဆင်ရေးတွေကို အစောဆုံး စတင်တည်ထောင်ခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ အိုဒေးအတွက် ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခကာလ အဆင့်ဆင့်အတွင်း စစ်ရေးဆိုင်ရာ စီမံကိန်းချတာ၊ ပြင်ဆင်တာနဲ့ စစ်ရေးဘက် တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာတွေမှာ အိုဒေးဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ “တန်ဖိုးထားမှုတွေ၊ ထုံးတမ်းစဉ်လာတွေ၊ ဥပဒေတွေနဲ့ ဘာသာရေးဆိုင်ရာ အခြေခံမူတွေ အားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်” လို့ အစ္စရေးကို ဟားမတ်စ်က စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် အိုဒေးရဲ့ ဇနီး၊ သား ၂ ယောက်နဲ့အတူ တခြားသူတချို့လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့အစောပိုင်းမှာပဲ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်ရဲ့ ထုတ်ပြန်ချက် တခုထဲမှာ အိုဒေးကို ဟားမတ်စ်အဖွဲ့ရဲ့ အဆင့် ၄ အဆင့်မြင့်အရာရှိကြီးတယောက်အဖြစ် ဖော်ပြကာ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး ကတ်ဇ်က “ဂါဇာဒေသအပေါ် ဟားမတ်စ်အဖွဲ့အနေနဲ့ စစ်ရေးအရဖြစ်စေ၊ အရပ်ဘက် စီမံခန့်ခွဲမှုအရဖြစ်စေ ထိန်းချုပ်ခွင့်ရတော့မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့ဖူးတဲ့အတိုင်း ဖြစ်လာတော့မှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ရက်က အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ အစ်ဇ် အယ်လ်ဒင် အယ်လ်ဟတ်ဒတ်ရဲ့ နေရာမှာ ဆက်ခံဖို့ အိုဒေးကို ပြီးခဲ့တဲ့ တပတ်လောက်ကမှ ရာထူးခန့်အပ်ခဲ့တာပါ။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခ နောက်ဆုံးအကျော့ စတင်ကတည်းက အစ္စရေးဟာ ဂါဇာဒေသတွင်းနဲ့ ဂါဇာပြင်ပမှာရှိတဲ့ဟားမတ်စ်အဖွဲ့ရဲ့ အဆင့်မြင့် စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်အတော်များများကို ရှင်းလင်း သတ်ဖြတ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013