DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ ကွန်ဒိုအထပ်မြင့်တိုက်ခန်းတခုတွင် ဓားထောက်လုယက်မှုဖြစ်ပွား
DVB
·
September 16, 2021
မန္တလေးမြို့ ကွန်ဒိုအထပ်မြင့်တိုက်ခန်းတခုတွင် ဓားထောက်လုယက်မှုဖြစ်ပွား
Donate to DVB

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် Mandalay Garden City ကွန်ဒို ဓာတ်လှေကားတွင်း စက်တင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းက ဓားထောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ၇၄ မြို့မဥယျာဉ်လမ်း Mandalay Garden City ကွန်ဒို အထပ်မြင့်တိုက်ခန်းမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဟာ နေအိမ် တိုက်ခန်းကို ဓာတ်လှေကားနဲ့ တက်စဉ် အမည်မသိ လူ ၂ ဦး လိုက်ပါလာခဲ့ပါတယ်။

ဓာတ်လှေကားအတွင်း ဓားထောက်ကာ အမျိုးသမီးနေထိုင်ရာအခန်းအတွင်း ဝင်ရောက်ခဲ့ပြီး အဲ့ဒီအမျိုးသမီးကို လက်နောက်ပြန် ကြိုးတုတ်တာ၊ ခြေထောက် ကြိုးတုတ်တာ၊ မျက်နှာကို အဝတ်စနဲ့ ဖုံးအုပ်တာတွေလုပ်ပြီး ငွေကျပ် သိန်း ၁၃၀ နီးပါး တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ကောက် ၁ ကွင်း၊ လက်စွပ် ၂ ကွင်း၊ ကျောက်စိမ်းလော့ကတ်သီးပါရွှေဆွဲကြိုး ၁ ကုံး၊ ရွှေဆွဲကြိုး ၁ ကုံး၊ ဆိုင်ကယ်  ၁ စီး၊ Iphone 11 pro လက်ကိုင်ဖုန်း ၁ လုံး၊ Iphone နာရီ ၁ လုံး၊ apple နားကြပ် ၁ ခု၊ huawei လက်ကိုင်ဖုန်း ၁ လုံး၊ ငွေသား ၁၀ သိန်းခန့်တို့ကို ယူဆောင်သွားတာလို့ သိရပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ နေရာအနှံ့ လှည့်နေပေမယ့် ခိုးဆိုးလုယက်မှုများ အဖြစ်များနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013