DVB Logo
Home
မြန်မာသတင်း
“ကျပ် ၃၀၀၀-တောင်ဇလပ်ပန်းကမ်ပိန်း”မှ အလှူငွေသိန်း ၄၀ ရရှိ၊ မင်းတပ်နှင့်ဖလမ်း CDF သို့ လှူ ဒါန်း
DVB
·
September 14, 2021
“ကျပ် ၃၀၀၀-တောင်ဇလပ်ပန်းကမ်ပိန်း”မှ အလှူငွေသိန်း ၄၀ ရရှိ၊ မင်းတပ်နှင့်ဖလမ်း CDF သို့ လှူ ဒါန်း
Donate to DVB

“ကျပ် ၃၀၀၀-တောင်ဇလပ်ပန်းကမ်ပိန်း”ကနေ ကျပ်သိန်း ၄၀ လက်ခံရရှိခဲ့ပြီး ချင်းပြည် နယ်၊ မင်းတပ်နဲ့ ဖလမ်းမှ တော်လှန်ရေးအင်အားစုတွေဆီ ပေးပို့ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ ထုတ် ပြန်ပါတယ်။

ဒီကမ်ပိန်းကိုတော့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်ဒေသရှိ ရဲရဲတောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ဖို့ရည်ရွယ်ကာ စက်တင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ပြုလုပ်ခဲ့တာပါ။

  လက်ရှိမှာတော့ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ ထောက်ပံ့ရေးတပ်သားတိုင်းကို ကျေးဇူး အထူးပင်တင်ရှိကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကာ နောင်အခါမှာလည်း ပြည်သူ့အင်အားနဲ့ ပါဝင်ကူညီ ပေးသွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013