
ဗြိတိန် လက်ယာယိမ်း ပြုပြင်ပြောင်းလဲရေးပါတီ (Reform UK) ခေါင်းဆောင် နိုင်ဂျယ်လ် ဖာရာ့ဂျ်က သူ့ပါတီသာ အာဏာရလာရင် ဗြိတိန်ထောင်ထဲမှာရှိတဲ့ နိုင်ငံခြားသား ရာဇဝတ်သား အားလုံးကို ပြည်နှင်ဒဏ်ပေးမယ်လို့ ဩဂုတ် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
အဲဒီစီမံကိန်းအရ ပြစ်ဒဏ်ကျခံနေရသူတွေကို မိခင်နိုင်ငံတွေဆီ ပြန်ပို့မှာဖြစ်ပြီး လက်မခံရင်တော့ ကိုဆိုဗို ဒါမှမဟုတ် အယ်လ်ဆာဗေဒေါလို တတိယနိုင်ငံတွေကို ပို့ဆောင်သွားမှာပါ။
အယ်လ်ဆာဗေဒေါမှာ ထောင်ချထားခြင်းဖြင့် ကုန်ကျစရိတ်ကို ထက်ဝက်သက်သာစေပြီး ဗြိတိန်ရဲ့ ထောင်နေရာလွတ်တွေကို ပိုရလာစေမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလတုန်းက အရေးပေါ် ဆေးရုံတွေ ဆောက်ခဲ့တာကို နမူနာယူပြီး ၁၈ လအတွင်း အကျဉ်းသား ၁၂,၀၀၀ ဆံ့ “နိုက်တင်းဂေးလ်” အရေးပေါ် အကျဉ်းထောင်တွေ ဆောက်လုပ်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေဟာ ပြစ်ဒဏ် သက်တမ်းပြည့် ကျခံရမှာဖြစ်ပြီး ကလေးသူငယ် မုဒိမ်းမှုလို ပြစ်မှုမျိုးတွေကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်သင့်တယ်လို့ နာဂျယ် ဖာရေ့ချ်က ပြောကြားခဲ့ပါတယ်။
Source: Reuters










