DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားက Mytel တာဝါတိုင်တစ်ခုကို စစ်ကောင်စီ အရပ်ဝတ်လက်နက်ကိုင်များ ကင်းစောင့်
DVB
·
September 13, 2021
မြစ်ကြီးနားက Mytel တာဝါတိုင်တစ်ခုကို စစ်ကောင်စီ အရပ်ဝတ်လက်နက်ကိုင်များ ကင်းစောင့်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းက Mytel ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အရပ်ဝတ်လက်နက်ကိုင်တွေ ကင်းစောင့်နေကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး တာဝါတိုင်အနီးမှာ စစ်ကောင်စီတပ်သားတွေ နေ့ရောညပါ ကင်းစောင့်နေကြကာ ညဘက်မှာ လူအင်အားပိုများတယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ စစ်တပ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် MPT နဲ့ Mytel ဆက်သွယ်ရေးတာဝါတိုင်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားစာတစ်စောင် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က  စစ်ကောင်စီက ထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာကနေ မြန်မာတစ်နိုင်ငံလုံးက တာဝါတိုင် ၆၈ ခု ဖောက်ခွဲဖျက်ဆီးခံရကြောင်း ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013