
အာဆင်နယ်အသင်းရဲ့ အရေးကြီးဆုံးအချိန်တွေမှာ ကစားသမားတွေကိုရော ပရိသတ်တွေကိုပါ “ဘာကိုမှမကြောက်ဘဲ စိတ်အားထက်သန်မှုအပြည့်”နဲ့ ရင်ဆိုင်သွားကြဖို့ နည်းပြ အာတေတာက တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်ဟာ မြန်မာအချိန် မနက်ဖြန်မနက်အစောပိုင်း စပို့တင်းနဲ့ ချန်ပီယံလိဂ် ဆီမီးတက်ရေး အရေးကြီးတဲ့ပွဲ ကစားရမှာဖြစ်သလို၊ တနင်္ဂနွေမှာလည်း မန်စီးတီးနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် အဆုံးအဖြတ်ပွဲ ကစားရမှာပါ။
နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ နိုင်ထားပြီး ဖလားမျှော်လင့်ချက်တွေ လျော့ပါးလာပေမဲ့ အာတေတာကတော့ ဒါဟာ အခွင့်အရေးကောင်းတခုပဲလို့ မြင်နေပါတယ်။
ဒါပေမဲ့ အသင်းအတွက် စိုးရိမ်စရာကတော့ ဒကလန်ရိုက်စ်၊ အော်ဒီဂတ်၊ ဆာကာ အပါအဝင် အမာခံကစားသမား ၅ ယောက်လောက် ဒဏ်ရာပြဿနာကြောင့် လေ့ကျင့်ရေး ပျက်ကွက်နေတာပါပဲ။
ဆာကာကတော့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါလာနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။










