DVB Logo
Home
မြန်မာသတင်း
စစ်တပ်ရိက္ခာတင်ကား ဖောက်ခွဲခံရပြီး သေဆုံးသွားသူအလောင်း ၁ ရက်ကြာမှ ပြန်ယူနိုင်
DVB
·
September 12, 2021
စစ်တပ်ရိက္ခာတင်ကား ဖောက်ခွဲခံရပြီး သေဆုံးသွားသူအလောင်း ၁ ရက်ကြာမှ ပြန်ယူနိုင်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း) ကြား လုံခန်ရွာနား အကွေ့မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ဖောက်ခွဲခံရပြီး သေဆုံးသွားတဲ့ အလောင်းကို ၁ ရက်ကြာမှ သွားယူပြီး သင်္ဂြိုဟ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က ၁၀၅မိုင်-ပန်ဆိုင်းလမ်းရှိ လုံခန်ရွာအကျော်၊ နမ့်တောင်းရွာအနီး သေဆုံးသွားတဲ့ နမ့်ဖတ်ကာက ယာဥ်မောင်း ဦးအိုက်လျန် (၄၃-နှစ်)ရဲ့အလောင်းကို မနေ့မနက်ပိုင်းက ကရုဏာ လူမှုကူညီရေးအသင်း (မူဆယ်) နဲ့အတူ သွားရောက်သယ်ဆောင်ခဲ့တယ်လို့ မေတ္တာရှင် လူမှုကူညီ‌‌ရေးအသင်း (နမ့်ဖတ်ကာ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီကားကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လာ‌ရောက်ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ သိရပါယ်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “မုံးကိုးဘက် စစ်ကောင်စီရဲ့ ရိက္ခာ ပို့ဆောင်ပေးတာ နှစ်ခါ၊ ခါသုံးခါ ရှိပြီ။ ချောလား၊ ‌ငွေကြေးယူပြီး တင်တာလားဆိုတာ မသိပါဘူး။ ဒီချိန်မှာက ဘာမဆို ဖြစ်နိုင်တယ်။” လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က သေဆုံးသွားပေမယ့် စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာမှ အလောင်းသွားကောက်နိုင်ပြီး မီးသင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။

မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုးမြို့နယ် အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစ စက်တင်ဘာ လဆန်းပိုင်းအထိ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး လက်ရှိမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြား ကြိုကြား၊ ကြိုကြား ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသတွေမှာ ကိုးကန့် MNDAA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေ လှုပ်ရှားသွားလာရာနေရာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013