
နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်တပ်သတင်းပေးသူ အမျိုးသမီးတစ်ဦးကို နေပြည်တော် PDF နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းသတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ ဗိဿနိုးတပ်မတော်ကြေညာခဲ့ပါတယ်။
စက်တင်ဘာ ၁၀ ရက်၊ ည ၇ နာရီကျော်လောက်က ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာ အုပ်စု မောင်းရမ်းကျေးရွာနေ စစ်တပ်သတင်းပေးဆိုသူ ဒေါ်ခင်မာဌေးကို နေအိမ်မှာပဲ သတ်ဖြတ်ခဲ့တာပါ။
ဒါ့အပြင် မကွေးတိုင်းထဲက စစ်ကောင်စီ လက်ပါးစေ၊ သတင်းပေး ဒလန်တွေအပြင် ပြည်သူကို ခြိမ်းခြောက်ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်တပ်နဲ့ ရဲတွေအပါအဝင် CDM မလုပ်တဲ့ ဝန်ထမ်းနဲ့ မိသားစုဝင်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူး လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
အဲဒီအဖွဲ့တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြုတ် တိုက်ခိုက်မယ်လို့ ဆိုထားပြီး ဒီလို တိုက်ခိုက်ရာမှာ ပြည်သူတွေ ပူးပေါင်းဖို့လည်း အသိပေးထားပါတယ်။