DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့မှ ဒလန်တဦးနှင့် ဝက်လက်မြို့နယ်မှ ပျူစောထီးတဦး သေနတ်ပစ်ခံရ
DVB
·
September 11, 2021
ရွှေဘိုမြို့မှ ဒလန်တဦးနှင့် ဝက်လက်မြို့နယ်မှ ပျူစောထီးတဦး သေနတ်ပစ်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းမှာ စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းက ရွှေဘိုက ဒလန်တစ်ယောက်နဲ့ ဝက်လက်က ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို သေနတ်နဲ့ ပစ်သတ် သုတ်သင်ခဲ့တယ်လို အဖွဲ့အစည်းနှစ်ခုက ကြေညာပါတယ်။

ဒီနေ့မနက် ၆ နာရီက ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်နေ ဦးငွေချိုကို PDF-Shwebo အဖွဲ့က ပစ္စတိုသေနတ်နဲ့ ၇ ချက်ပစ်ခတ်ခဲ့တယ်လို့ အတိအလင်း ထုတ်ပြန်ထားတာဖြစ်ပြီး ဦးငွေချိုဟာ ကျန်းမာရေး CDM ဝန်ထမ်းတွေအပေါ် ဖိအားပေးတာတွေ သတင်းပေးတာတွေ လုပ်လို့ အခုလို လုပ်တာလို့ ပြောပါတယ်။

 ဝက်လက်မြို့နယ် မင်းကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးဖိုးခိုင်ကိုတော့ ဝက်လက် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့က သုတ်သင်လိုက်တယ်လို့ ထုတ်ပြန်ထားကာ ဦးဖိုးခိုင်ဟာ ပျူစောထီးအဖွဲ့ဝင် လူသစ်စုဆောင်းနေသူတစ်ဦးဖြစ်လို့ သုတ်သင်လိုက်တာလို့လည်း ဆိုပါတယ်။

ရွှေဘိုက သေနတ်အပစ်ခံရသူမှာ အပြင်းအထန်ဒဏ်ရာနဲ့ ဆေးရုံကြီးမှာ ဆေးကုသနေတယ်လို့ သိရပြီး ဝက်လက်က ပျူစောထီးကိုတော့ မင်းကုန်းရွာအရှေ့ဘက် ကျောက်အိုးတံတားမှာ ပစ်ခံရတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်မှာ စက်တင်ဘာ ၈ ရက်ကလည်း ဘိုးတော်တောကျေးရွာရပ်/ကျေးစာရေး ဦးကျော်ဝင်းနိုင်(အသက် ၅၀ နှစ်)ကို သေနတ်နဲ့ ၃ ချက် ပစ်သတ် သုတ်သင်ထားတာဖြစ်ပြီး ဝက်လက်မြို့နယ်မှာတော့ ဇူလိုင် ၁၅ ရက်က အခုဖြစ်ပွားရာနဲ့ မနီးမဝေးမှာ သစ်ဆိမ့်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရဖူးပါတယ်။

People Defense Force-Shwebo အနေနဲ့ စစ်အာဏာရှင်နဲ့ လက်ပါးစေအားလုံးကို နှိမ်နင်းတိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ရွှေဘိုနယ်က ပြည်သူလူထုတွေကို မတရား နှိပ်စက်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ပျူစောထီးများအားလုံး အချိန်မနှောင်းခင် နုတ်ထွက် လက်နက်ချကြဖို့လည်း  သတိပေးထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013