DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်တွန်းလှန်ရန် ကလော PDF စတင်ဖွဲ့စည်း
DVB
·
September 8, 2021
အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်တွန်းလှန်ရန် ကလော PDF စတင်ဖွဲ့စည်း
Donate to DVB

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်တွန်းလှန်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLTPDF) စတင်ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာ ၇ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက် ၆ ချက်ဖော်ပြထားပြီး ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ရန်က ကာကွယ်ဖို့၊ ပြည်သူလူထုရဲ့ အာဏာအခွင့်အရေးလုပ်ပိုင်ခွင့်ကို ပြည်သူတင်မြှောက်တဲ့ အစိုးရလက်ဝယ် ပြန်ရောက်စေဖို့၊ ပြည်သူလူထုတိုင်းရင်းသားတို့ လိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့၊ NUG ဖော်ဆောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လိုလိုလားလားလက်ခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့၊ ပြည်သူလူထု ရည်ရွယ်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်ပြီး ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူ လက်တွဲဖော်ဆောင်ဖို့၊ ပြည်သူလူထုရဲ့ ရည်ရွယ်ချက်တွေ မပြည့်မချင်း ဆက်လက်တာဝန်ထမ်းဆောင်ပြီး မိဘပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLTPDF)အနေနဲ့ ပြည်သူ‌တွေနဲ့အတူ ရပ်တည်ပြီး NUG ရဲ့ လမ်းညွှန်မှုနဲ့အတူ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(Southern Shan People Defence Force) SSPDF နဲ့ ဆက်သွယ် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

SSPDF ကိုတော့ ရှမ်းပြည်နယ်တောင်းပိုင်း ၂၁ မြို့နယ်က နွေဦးတော်လှန်ရေး အင်အားစုတွေကို စုစည်းပြီး  ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ် အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်း ဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက် ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013