DVB Logo
Home
မြန်မာသတင်း
“သင်္ကြန်အမြောက် တဒိုင်းဒိုင်းပစ်နေတာ….” အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း
DVB
·
September 7, 2021
“သင်္ကြန်အမြောက် တဒိုင်းဒိုင်းပစ်နေတာ….” အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက် ဒီကနေ့မှာ တွန်းလှန်စစ်ကြေညာပြီးနောက်ပိုင်းမြေပြင်မှာတိုက်ပွဲတွေမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်လို့ မြဝတီရုပ်မြင်သံကြားကနေ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို လိုက်ပါတယ်။

လက်တွေ့မြေမြင်မှာတော့ ဒီကနေ့မနက်ကတည်းက  KNU တပ်မဟာ ၄ နယ်မြေတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ကယားပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့မှာလည်း ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့စစ်ကြေညာချက်နဲ့ပတ်သက်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ CRPH၊ NUG၊ PDF တွေဟာ ဖေဖော်ဝါရီလကတည်းက သင်္ကြန်အမြောက်ပေါ့ဗျာ။ တဒိုင်းဒိုင်းပစ်နေတာ။ ပြည်ဖျက်မီဒီယာတွေကလည်း ဘေးကနေပြီးတော့ တက်ညီလက်ညီဝိုင်းလှော်ကြတဲ့ဟာပေါ့နော်။ ဒီနေ့ NUG က ကြေညာချက်ထုတ်နေတာကိုလည်းတွေ့ရပါတယ်။ ပြည်ဖျက်မီဒီယာတွေကလည်း ဘယ်နားမှာ တိုက်ပွဲဖြစ်နေပြီ၊ စားနပ်ရိက္ခာတွေ အလုအယက်သွားဝယ်နေကြပြီတို့ ဒါတွေ ထုတ်လွှင့်နေတာ တွေ့ရပါတယ်။ ဒါတွေက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်တွေပါပဲ"လို့ ပြောပါတယ်။

လက်တွေ့မြေပြင်မှာတော့ ပြည်သူတွေက စားနပ်ရိက္ခာပြတ်လပ်မှာ၊ တိုက်ပွဲတွေဖြစ်လာရင် အခြေခံလိုအပ်ချက်တွေပြတ်လပ်မှာကို စိုးရိမ်တာတွေရှိနေပါတယ်။

အခု စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးရှိတဲ့အတွက် နိုင်ငံတကာအာရုံစိုက်မှုကိုပြန်ရအောင် NUG က စစ်ကြေညာတဲ့လုပ်ဆောင် ချက်ကိုပြုလုပ်တာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“နံပါတ်တစ်အချက်က စက်တင်ဘာ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂညီလာခံကျင်းပမှာဖြစ်တဲ့အတွက် သူတို့လုပ်ရပ်တစ်ခုပြနိုင်အောင် လုပ်ငန်းတစ်ခုပြနိုင်အောင် လုပ်ဆောင်တာပဲဖြစ်တယ်။ နံပတ် ၂ အချက်က ယခင်တုန်းကတော့ မိုင်းထောင် မိုင်းခွဲလုပ်တာတွေ သူတို့လုပ်ဆောင်တယ် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်တယ်။ အဲ့လိုလုပ်ဆောင်တာတွေဟာ အေးချမ်းတည်ငြိမ်ချင်တဲ့ တာဝန်သိပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကြောင့် ဖော်ထုတ်ဖမ်းဆီးရမှုတွေ များစွာရှိခဲ့တယ်။ အဲ့ဒါတွေများလာတော့ ကျဆုံးမှုဘက်ပိုင်းကို ရောက်လာတာ သူတို့သိတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအာရုံစိုက်မှု အရှိန်ပြန်မြှင့်လာရေးအတွက် လုပ်ဆောင်တာပဲဖြစ်ပါတယ်။"

လက်တွေ့မြေပြင်မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက PDF တွေဟာ စစ်ကောင်စီနဲ့ ဒလန်တွေကိုစတင်ရှင်းလင်းမယ်လို့ ကြေညာထားသလို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ Non CDM ဝန်ထမ်းတွေကိုလည်း လုပ်ငန်းခွင် ဝင်တာကိုရပ်ဆိုင်းဖို့ သတိပေးထားပါတယ်။

စက်တင်ဘာ ၇ ရက် ဒီနေ့ကစပြီး  စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံ တွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013