DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်သူများ လုံခြုံရေးသတိရှိကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတိပေး
DVB
·
September 7, 2021
ကရင်နီပြည်သူများ လုံခြုံရေးသတိရှိကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတိပေး
Donate to DVB

ကရင်နီပြည်သူတွေ စိုးရိမ်ထိန့်လန့်ခြင်းမရှိကြဖို့နဲ့ လုံခြုံရေး သတိရှိကြဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတွန်းလှန်တိုက်ခိုက်ဖို့ KNDF က သတိပေးတိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) စက်တင်ဘာ ၇  ရက် ဒီနေ့မှာ ခုခံတော်လှန်စစ်ပွဲ စတင်ကြောင်း ကြေညာခဲ့ပြီးနောက် တိုင်းရင်းသားပြည်နယ်တွေမှာ တိုက်ပွဲများ အရှိန်မြင့်လာပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ စစ်‌ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ KNDF အနေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းဖို့အတွက် ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကရင်နီပြည်သူတွေ စိုးရိမ်ထိန့်လန့်ခြင်းမရှိကြဖို့နဲ့ လုံခြုံရေး သတိရှိကြဖို့ တိုက်တွန်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မွန်းလွဲ ၃ နာရီလောက်ကလည်း လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အကြား ‌ဒေါပိုးစီကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KNDF တပ်ရင်းတွေက ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013