DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်စခန်းများကို ဝေးဝေးရှောင်ရန် ကျိုက်ထို PDF သတိပေး
DVB
·
September 7, 2021
စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်စခန်းများကို ဝေးဝေးရှောင်ရန် ကျိုက်ထို PDF သတိပေး
Donate to DVB

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တပ်စခန်းအနီး ပြည်သူတွေ လှုပ်ရှားသွာတာတွေ မလုပ်ကြဖို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ အရေးပေါ် ကြေညာပါတယ်။

အဲဒီအရေးပေါ်ကြေညာချက်မှာတော့ ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေကို သတင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတွေ အဆမတန် ဈေးတင်ရောင်းချတာတွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီခန့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ချက်ချင်းနုတ်ထွက်စာတင်ကြဖို့ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့လည်း အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ခုခံတော်လှန်းစစ်စတင်ကြောင်း ဒီနေ့မနက် ကြေညာထားတဲ့အတွက် ပြည်သူတစ်ရပ်လုံးအနေနဲ့ တတ်နိုင်တဲ့ဘက်က ခုခံတွန်းလှန်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013