DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် ရုရှားတိုက်ခိုက်မှုကြောင့် ၁၃ ဦး သေဆုံး
DVB
·
July 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရုရှားရဲ့ ဇူလိုင် ၃၀ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကိယက်ဗ်မြို့ အပါအဝင် လိဗ်မြို့အနောက်ပိုင်းကို ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် ပိုလန်နိုင်ငံကလည်း လုံခြုံရေးအတွက် ဖိုက်တာဂျက်လေယာဉ်တွေ ပျံတက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယူကရိန်းသမ္မတ ဇလန်းစကီး အမေရိကန်ကနေ ပြန်လာပြီးနောက် ဖြစ်ပွားခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆွေးနွေးမှုမှာ ပက်ထရီးရော့ဒုံးကျည်တွေ ထုတ်လုပ်ခွင့်လိုင်စင်ပေးဖို့ သဘောတူခဲ့တယ်လို့ ဇလန်းစကီးက ပြောထားပါတယ်။

လေကြောင်းကာကွယ်ရေး အချက်ပေးသံတွေ ယူကရိန်းရဲ့ ဒေသအများစုမှာ ပေါ်ထွက်ခဲ့ပြီး ပေါက်ကွဲမှုတွေကတော့ ကိယက်ဗ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာကို ဒေသခံတွေက ပြောပါတယ်။

ကိယက်ဗ်မြို့မှာ လူတယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့ကာ ဒိုင်နီပရိုပက်ထရော့စ်နဲ့ ပေါ်တာဗာတို့မှာ ကလေး ၂ ယောက် အပါအဝင် ၆ ယောက်ကျော် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇလန်းစကီးရဲ့ ဇာတိမြို့ဖြစ်တဲ့ ခရီဗီရီမြို့မှာ မိန်းကလေး ၂ ယောက် အပါအဝင် ၆ ယောက် သေဆုံးကာ တခြားမြို့မှာ ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပိုလန်နိုင်ငံနဲ့နီးတဲ့ လိဗ်မြို့မှာ အဆောက်အအုံ ၂ ခု ပျက်စီးခဲ့ကာ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရုရှားဟာ ဘယ်လစ်စတစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းပြည်သူတွေကို ကာကွယ်ဖို့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ လိုအပ်တယ်လို့ မဟာမိတ်အဖွဲ့တွေကို ဇလန်းစကီးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013