DVB Logo
Home
မြန်မာသတင်း
မန်းတောင်ရိပ်ခို (A1) ကိုဗစ်စင်တာတွင် လူနာဦးရေ လျော့ကျလာ၊ စတုတ္ထလှိုင်းအတွက် ပြင်ဆင်
DVB
·
September 2, 2021
မန်းတောင်ရိပ်ခို (A1) ကိုဗစ်စင်တာတွင် လူနာဦးရေ လျော့ကျလာ၊ စတုတ္ထလှိုင်းအတွက် ပြင်ဆင်
Donate to DVB

မန်းတောင်ရိပ်ခို (A1) ကိုဗစ် အခမဲ့ကုသရေးစင်တာမှာ တက်ရောက်တဲ့လူနာဦးရေ သုံးပုံ တစ်ပုံအထိလျော့ကျလာပြီး စတုတ္ထ မြောက်လှိုင်းအတွက် ပိုမိုပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ စင်တာဦးစီးတည်ထောင်သူ အလင်းတန်းဆရာတော် သာသနဓဇဓမ္မာစရိယ ဦးပညာဝံသက ပြောပါတယ်။

စင်တာကို သြဂုတ်လ ၂ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခင်ရက်တွေက လူနာဦးရေ ၆၀ နဲ့ ၇၀ ကြားရှိခဲ့ပေမယ့်လည်း အခုရက်ပိုင်းမှာ လူနာဦးရေ ၂၀ လောက်အထိ ကျဆင်းလာ တယ်လို့ သိရပါတယ်။ 

“တက်ရောက်တဲ့လူနာတွေအားလုံးကိုတော့ အစားအစာ နဲ့ အခမဲ့ပေါ့နော်။ ဆေးလည်း အကုန်ရှိတယ်။ အောက်ဆီဂျင်လည်း အကုန်ရှိတယ်။ အားလုံးကိုတော့ အခမဲ့အနေနဲ့ ကုသပေးပါတယ်ပေါ့။ လူနာကတော့ အရင်ရက်တွေကတော့ ၆၀/၇၀လောက်ထိရှိတယ်ပေါ့။ အခုနောက်ပိုင်းနည်းည်း  နည်းလာပါပြီ ၂၀ လောက်ပဲ ကျန်တော့ပါတယ်။ နည်းနည်းလည်း ကူးစက်မှုနှုန်းလည်း နည်းလာတာပါတယ်ပေါ့။ မန္တလေးမြို့အနေအထားက တော်တော်နည်း ပါတယ်။ နယ်ဆီကတော့ အဓိကထားလာကြတာလည်းများတယ်။ အင်္ဂလိပ်လို ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တာ၊ လူနာ ၃၀ /၄၀ လောက်ကုသမှုခံယူပြီး နေကောင်း ကျန်းမာသွားပြီ။ တခြားဒေသကလာတဲ့ လူတွေကို ကုပေးတော့ အင်းတော်၊ မိုးကုတ်၊ မတ္တရာ၊  စစ်ကိုင်း၊ ရွှေဘို၊ မြင်းမူ၊ ဆားတောင် အဲ့ဘက်တွေကလာကြတယ်။” လို့ ဆရာတော်က မိန့်ပါတယ်။

စင်တာမှာ ဆရာဝန် ၇ဦး သူနာပြု ၁၂ဦးရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပြီး လူနာစောင့်တွေ၊ လုပ်ကိုင်ကူညီပေးနေတဲ့ ပရဟိတလူငယ်တွေ အယောက် ၁၀၀ ကျော်လောက်ကို နေ့စဉ် ထမင်း အခမဲ့ကျွေးမွေးနေတယ်လို့ သိရပါတယ်။

စတုတ္ထလှိုင်းအတွက် ရည်ရွယ်ပြီး သြဂုတ်လ ၂၃ ရက်နေ့ကစတင်ပြီး HDU(High Dependency Units) ခုတင်တွေကိုလည်း စတင်ပြင်ဆင်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှု စင်တာကတော့ Forth Wave အတွက် ပြင်ဆင်မှုတွေတော့ လုပ်ထားတယ်ပေါ့။  ICU ခန်းတွေ ထပ်တိုးဖို့ နောက်တစ်ခါစက်တွေ စက်ရဲ့အကူအညီတွေ နောက်တစ်ခါ ထပ်ပြီးတော့မှ ချဲ့ဖို့တွေလုပ်နေတာပေါ့နော်။ ဒီထက်လည်းပိုပြီးတော့ ကောင်းမွန်အောင် ပိုပြင်ဆင်ကြဖို့ ဒီမှာလုပ်မယ့် ဆရာဝန်အင်အားတွေ ဘော်လံဒီယာ အင်အား တွေကိုလည်းပဲ ပိုပြီးတော့ ထပ်ပြီးတော့ ပြင်ဆင်ကြဖို့ ဒီတစ်ပတ် ၁၀ ရက်လောက်မှာ အစည်းအဝေးတွေ ပြန်ပြီးတော့ ထိုင်ကြမယ်ပေါ့နော်။ Third Waveကတော့ ရှင်းရှင်း ပြောရင်တော့ အတော်လည်း နည်းကြပါပြီ။ အတော်လည်း နည်းသွားပြီ။ တက်မယ့် လူလည်း အတော်နည်းလာတဲ့ အနေအထားလေးတော့ရှိသွားဒါကြောင့်မို့၊  Fourth Wave အတွက်ကိုတော့ ပိုပြင်ဆင်ထားဖို့လိုမယ်ပေါ့ နောက်တစ်ခုကတော့  ကြိုတင်ကာကွယ်ခြင်းပုံစံတွေကို ထပ်ပြီးတော့ပြင်ဆင်ဖို့ကြိုးစားနေပါတယ်။” 

ထမင်းကျွေးမွေးဖို့ လှူဒါန်းလိုသူတွေအနေနဲ့ တစ်နပ်ကို ပျမ်းမျှ ၂ သိန်းကျပ် လှူဒါန်း နိုင်တယ်လို့ သိရပါတယ်။ 

မန်းတောင်ရိပ်ခို (A1) ကိုဗစ် အခမဲ့ကုသရေးစင်တာဟာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတောင်တော်နဲ့ မတ္တရာတိုးဂိတ်ကြား အောင်ချမ်းသာကွက်သစ်မှာ တည်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013