DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း၊ သာစည်နှင့်ပျော်ဘွယ်တို့တွင် ရေကြီးရေလျှံ၊ ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းထားရ
DVB
·
September 1, 2021
ဝမ်းတွင်း၊ သာစည်နှင့်ပျော်ဘွယ်တို့တွင် ရေကြီးရေလျှံ၊ ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းထားရ
1 / 10
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်း၊ သာစည်နဲ့ ပျော်ဘွယ်မြို့နယ်တို့မှာ မိုးရွာသွန်းမှုများတာကြောင့် ရေကြီးရေလျှံဖြစ်ပြီး ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းထားရသလို လမ်းတံတားတွေလည်း ပျက်စီးကုန်တာကြောင့် သွားလာရ ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးရွာမှုများပြီး ရေကြီးရေလျှံတာကြောင့် သြဂုတ် ၃၁ ရက်ကစပြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်လောက်ကို ဌာနဆိုင်ရာတွေက နေရာရွှေ့ပြောင်းပေးထားပြီး ပရဟိတအဖွဲ့တွေက သောက်ရေနဲ့ စားစရာတွေ ဝေငှပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၂၈ ရက်ညကစပြီး သြဂုတ်လ ၃၁ ရက်အထိ ညတိုင်းလို မိုးရွာသွန်းပြီး ရေတိုက်စားတာကြောင့် လမ်းတံတားတွေ ပျက်စီးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သာစည်ဘက်မှာတော့ ကြို့ပင်သာရွာ၊ ဝမ်းသာရွာ၊ ဟံဇားရွာ၊ ကျေးရွာချင်းဆက် လမ်းပေတစ်ရာကျော်လောက် ရေတိုက်စားပျက်စီးပြီး တံတားတစ်ခုရဲ့ ချဉ်းကပ်လမ်တွေ ပျက်စီးကုန်တယ်။ ဝမ်းတွင်းဘက်က တမာကုန်းရွာတံတားချဉ်းကပ်လမ်း ပေ ၄၀ လောက် ပျက်သွားတယ်။ လတ်တလောတော့ ရေတွေစီးနေဆဲပဲ သွားလာရေး အခက်အခဲရှိတာပေါ့။ ဌာနဆိုင်ရာတွေ ပရဟိတတွေကလည်း ချက်ချင်းလိုရောက်လာပြီး အကူအညီပေးကြပါတယ်။"

မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်မှာလည်း သြဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေလွှတ်ချိန် တိုက်ဆိုင်ပြီး သီးပင်ကျေးရွာက အနိမ့်ပိုင်း နေအိမ်တွေထဲ ရေဝင်ရောက်နေပြီး နေအိမ် ၂လုံး ​မျောပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဝင်ရောက်တဲ့ နေအိမ်တွေကို ပျော်ဘွယ်မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးနေပြီး လူထိခိုက်မှုမရှီဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013