DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ပရဟိတသမား ၂ ဦး အဖမ်းခံရ
DVB
·
September 1, 2021
ပေါက်မြို့နယ်တွင် ပရဟိတသမား ၂ ဦး အဖမ်းခံရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာမှာရှိတဲ့ ဖြူစင်မေတ္တာ ပရဟိတအသင်းက အသင်းသား ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက သြဂုတ် ၃၀ ရက် ည ၁၁ နာရီဝန်းကျင်လောက်မှာ နေအိမ်တွေကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အဖြူရောင်မေတ္တာ ပရဟိတအသင်းဝင်တွေဖြစ်တဲ့ ကိုအိသော်နဲ့ ကိုကျော်ဝင်းမြင့် တို့ဖြစ်တယ်လို့ သိရပါတယ်။

''မေးစရာရှိလို့ဆိုပြီးခေါ်သွားတာဘဲ။ ရေပြာရဲစခန်းမှာ စစ်ဆေးနေတယ်လို့တော့ကြားတယ်။ သူတို့က ပရဟိတပဲ လုပ်တဲ့သူတွေ ဘာကြောင့်ဖမ်းတာလည်း မသိရဘူး'' လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကိုဗစ်ပထမလှိုင်းကစတင်လို့ ကိုဗစ်ကိစ္စတွေ ဆောင်ရွက်နေတဲ့အပြင် အခုနောက်ပိုင်းမှာ ကိုဗစ်လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်ရရှိရေးကိစ္စတွေကိုပါ ဆောင်ရွက်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသင်းရဲ့တာဝန်ရှိသူတဦးက ''သူတို့က အဖြူရောင်မေတ္တာအသင်းက အမာခံအသင်းဝင်တွေလေ။ သူတို့မရှိတော့ မနေ့ကဆိုရင် အသင်းကားလည်းရပ်နားထားရတာပေါ့'' လို့ ပြောပါတယ်။

ပရဟိတသမား ၂ ဦးဖမ်းဆီးခံရတာဟာ ရေပြာကျေးရွာက စစ်ကောင်စီသတင်းပေးဒလန်တွေရဲ့ မဟုတ်မမှန်သတင်းပေးမှုတွေကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပရဟိတသမား ၂ ဦး ဖမ်းဆီးခံရတဲ့ကိစ္စ ဒီဗွီဘီက ရေပြာရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားမယ့်သူမရှိဘူးလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပေါက်မြို့နယ်၊ ရေပြာကျေးရွာက ဒေသခံပြည်သူ ၄ ဦးကိုလည်း မတ်လပိုင်းကတည်းကဖမ်းဆီးထားပြီး မတရား ပုဒ်မတွေတပ်ကာ ပခုက္ကူအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013