DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် ပေးဆပ်သူအသင်းက အောက်စီဂျင်အခမဲ့ပေးဝေမည်
DVB
·
August 28, 2021
မြစ်ကြီးနားမြို့တွင် ပေးဆပ်သူအသင်းက အောက်စီဂျင်အခမဲ့ပေးဝေမည်
1 / 4
Donate to DVB

မြစ်ကြီးနားမြို့ ပေးဆပ်သူ(အခမဲ့)လူမှုကူညီရေးအသင်းရုံးမှာ သြဂုတ် ၂၉ ရက်နေ့ကစပြီး ပိတ်ရက်မရှိ အောက်စီဂျင်အခမဲ့ပေးဝေသွားမယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်။

ခေမာသီရီရပ်ကွက်၊ ခေမာသီရီကျောင်းတိုက်နောက်ကျောက ပေးဆပ်သူရုံးမှာ တစ်နာရီကို အောက်စီဂျင် ၄၀ လီတာအိုး ၁၀ အိုးထုတ်နိုင်ပြီး လိုအပ်တဲ့ အခြေအနေပေါ်မူတည်ပြီး ထုတ်လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဦးက "ကိုယ့်မြို့ရဲ့ လိုအပ်ချက်အရ တည်ထောင်ရတာပေါ့၊ သုံးစွဲမှုထက် ထုတ်လုပ်မှုကလည်း နည်းနေတယ်၊ ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်သုံးစွဲသူ များပြားလာတဲ့အတွက် အခုလိုအရေးပေါ်တည်ထောင်လိုက်ရတာပါ" လို့ ပြောပါတယ်။

အောက်စီဂျင်လိုအပ်သူတွေဟာ ဆရာဝန်ထောက်ခံစာနဲ့ အောက်စီဂျင်အိုးတွေ ယူဆောင်လာရမှာဖြစ်ပြီး အိုးမပါလာပါက အိုးပျောက်ရှမှု မရှိစေရေး (အိုးပေါင်..၃သိန်းကျပ်) ပေးဆောင်ဖို့ သတ်မှတ်ထားပြီး မပေးဆောင်နိုင်ပါက ရပ်ကွက်လူကြီးထောက်ခံစာနဲ့ လာရောက်အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပုဂ္ဂလိကအောက်စီဂျင်ဆိုင်တွေမှာ အောက်စီဂျင် ၄၀ လီတာအိုးကြီးတစ်အိုးကို ၃သိန်းနဲ့ ၃ သိန်းခွဲထိ စျေးပေးဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပေတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013