DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို အဂတိမှုဖြင့် စစ်ကောင်စီအမှုဖွင့်
DVB
·
August 28, 2021
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို အဂတိမှုဖြင့် စစ်ကောင်စီအမှုဖွင့်
Donate to DVB

ပြည်သူတွေအတွက် သဘာဝဘေးကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီးဝယ်ယူခဲ့တာနဲ့ ငှားရမ်းအသုံးပြုခဲ့တာတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို အာဏာသိမ်းစစ်ကောင်စီက  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒေါက်တာဝင်းမြတ်အေး အပေါ်အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ ဩဂုတ် ၂၇ ရက်က ပထမသတင်းပေးတိုင်ကြား ချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတာလို့  ဒီကနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီအဂတိကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်အရ ဒေါက်တာ ဝင်းမြတ်အေးဟာ တာဝန်ရှိစဉ်က သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဒေသတွေကိုကူညီ၊ ကယ်ဆယ်ရေးဆောင်ရွက်ရာမှာ ရဟတ်ယာဉ်တစ်စီးကို စည်းကမ်းနဲ့မညီပဲ စာချုပ်ချုပ် ဆိုငှားရမ်း ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လေယာဉ်ငှားရမ်းရာမှာ  စာရင်း ပျံသန်းချိန် နာရီ စုစုပေါင်း ၇၂၀ အတွက် ငှားရမ်းခ မြန်မာငွေကျပ်သန်း ၅,၁၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၅၈၅,၀၀၀ ပေးချေခဲ့သော်လည်း အမှန်အသုံးပြုခဲ့ချိန်က  ၈၄ ဒသမ ၉၅ နာရီသာဖြစ်လို့ လျော့နည်း ပျံသန်းချိန် ၆၃၅ ဒသမ ၀၅ နာရီအတွက် အမေရိကန်ဒေါ်လာ ၃,၅၉၅,၄၂၃ ပေးခဲ့ရတာဟာ နိုင်ငံတော်ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ရက်မှာ ကုမ္ပဏီတစ်ခုနဲ့  စာချုပ် ချုပ်ဆိုဝယ်ယူခဲ့ရာမှာ ပေါ့လျော့စွာဆောင်ရွက်ခဲ့လို့ နိုင်ငံတော် ငွေကြေး၊ ပိုင်ဆိုင်မှု မြန်မာငွေကျပ် ၂၃,၀၄၈ သန်းကျော်ကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

နိုင်ငံတော်ပိုင် ရဟတ်ယာဉ်ကို ထိန်းသိမ်း ပြုပြင်ရာမှာလည်း ကုမ္ပဏီတစ်ခုကို ဝန်ဆောင်စရိတ် အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာပေးချေသင့်ပေမဲ့ အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ပေးခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့တာလို့  စစ်ကောင်စီသတင်းမှာဖော်ပြထားပါတယ်။

ဒေါက်တာဝင်းမြတ်အေးဟာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အန်အယ်လ်ဒီ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ၊  ဝန်ကြီးချုပ်တွေကို အဂတိလိုက်စားမှုနဲ့ အမျိုးမျိုးစွပ်စွဲပြီး အမှုဖွင့်နေပေမဲ့  အဆိုပါပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့မိသားစုတွေထံကနေ  အဂတိလိုက်စားထားတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှု ပစ္စည်း ဥစ္စာတွေ ဘာတခုမှ သက်သေပြနိုင်ခြင်း မရှိပါဘူး။

Photo Credit-Dr Win Myat Aye

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013