DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ပရဟိတလူငယ်တစ်ဦး ဖမ်းဆီးခံရ
DVB
·
August 28, 2021
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ပရဟိတလူငယ်တစ်ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အနောက်ဘက် မင်တိုင်ပင်ကျေးရွာ ဂန့်ဂေါသွားလမ်းမှာ ပရဟိတလူငယ်များအသင်းသား ကို‌မျိုးဇော်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပရဟိတအသင်းသားတစ်ဦးက “အဖမ်းခံလိုက်ရတာဟုတ်တယ်ဗျ။ ဘာကြောင့် ဖမ်းတာလဲလို့ နီးဆက်ရာကို ကျနော်တို့ မေးကြည့်တော့ သူရဲ့လက်ကိုင်ဖုန်းထဲက NUG ထောက်ခံတဲ့ profile ပါလို့ ဖမ်းတာ လို့သိရတယ်။ အဲကလေးက ပရဟိတအသင်းမှာတော့  ကြိုးကြိုးစားစားပရဟိတ လုပ်နေတာပါ။ ဩဂုတ် ၂၆ ရက်နေ့က ရွာက ကိုဗစ်လူနာတွေအတွက် ယင်းမာပင်မြို့ကို အောက်ဆီဂျင်သွားယူတာ။ အဲတာဆိုင်ကယ်ပျက်လို့ ယင်းမာပင်မှာထားခဲ့တဲ့ဟာကို သွာယူပြီး အဖမ်းခံလိုက်ရတာပဲ” လို့ ပြောပါတယ်။

ကိုမျိုးဇော်ဦးဟာ ဦးခေါင်းမှာ အရိုက်ခံရထားတယ်ဆိုတာကြောင့် မိဘတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“အရိုက်ခံထားတယ်လို့ကြားရတယ်ဗျ။ သူမိဘတွေကတော့ အတော်လေးစိတ်ပူနေကြရတယ်။ အသင်းအတွက်လည်း တက်တက်ကြွကြွ ကိုဗစ်-၁၉ ရောဂါဝေဒနာသည်တွေကို ကူညီပေးနေတဲ့ အားကိုးရတဲ့သူပေါ့ဗျာ။ ကျနော်အနေနဲ့ကတော့ ဒီလောက် NUG ကို ထောက်ခံတဲ့ profile လောက်လေးနဲ့တော့ ဆုံးမပြီး ပြန်လွှတ်ပေးသင့်ပါတယ်။ အခုလိုပြည်သူကို အကြမ်းကိုင်နေလို့ကတော့ ပြည်သူရဲ့ယုံကြည်မှု ပိုပြီးကျဆုံးမှာပဲ” လို့ ပရဟိတအသင်းသားက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်လောက်ကတည်းက ပုလဲမြို့အနောက်ဘက် မြို့ဝင်ဘီးခွန်ဂိတ်အနီးမှာ လာသမျှလူတွေကို လက်မြှောက်ဒူးထောက်ခိုင်းကာ စစ်ဆေးနေပြီး အမျိုးသမီးတွေကိုလည်း မဖွယ်မရာ ကိုင်တွယ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ အစစ်ဆေးခံခဲ့ရသူအချို့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013