DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခေါ်ဆောင်ခံရသည့် မင်းကင်းမြို့နယ်‌ ပျူစောထီးအဖွဲ့ဝင် ၂ ဦးအနက် ၁ ဦး အသတ်ခံရ
DVB
·
August 27, 2021
ဖမ်းဆီးခေါ်ဆောင်ခံရသည့် မင်းကင်းမြို့နယ်‌ ပျူစောထီးအဖွဲ့ဝင် ၂ ဦးအနက် ၁ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ သင်တောကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာက စစ်တပ်ကို သတင်းပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦးကို ဩဂုတ် ၂၆ ရက်နေ့ည ၁၁ နာရီအချိန်လောက်မှာ အမည်မသိလက်နတ်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဒီနေ့မနက် အသတ်ခံထားရတဲ့ ၁ ဦးကို ပြန်တွေ့ခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

ညောင်ပင်သာကျေးရွာသားတစ်ဦးက "ညက ၁၁ နာရီဝန်းကျင်လောက်မှာ ကိုချစ်စန်းမောင်နဲ့ကိုမျိုးသန့်ဆိုတဲ့ လူနှစ်ယောက်ကို အမည်မသိလက်နတ်ကိုင် ၇ ယောက်က ဖမ်းခေါ်သွားကြတယ်ဗျ။ ဩဂုတ် ၂၇ ရက်နေ့ နေ့ မနက်ခင်းမှာ ကိုချစ်ဆနိးမောင်အလောင်းကို ရွာမြောက်ဘက် သစ်ပင်တစ်ပင်ရဲ့အောက်မှာ တွေ့ရတယ်။ ကိုမျိုးသန့်ကတော့ သေသလား၊ ရှင်သလား မသိရသေးဘူးဗျ” လို့ ပြောပါတယ်။

ကိုချစ်ဆန်းမောင်နဲ့ ကိုမျိုးသန်းကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သတ်ဖျတ်တယ်ဆိုတာကိုတော့ DVB က အတည်ပြုချက်ရရှိဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013