DVB Logo
Home
မြန်မာသတင်း
အောင်ဇေယျာတံတားအဆင်း ဆီသယ်ယာဉ် တိမ်းမှောက်၊ ၁ ဦး ဒဏ်ရာရ
DVB
·
August 27, 2021
အောင်ဇေယျာတံတားအဆင်း ဆီသယ်ယာဉ် တိမ်းမှောက်၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားအဆင်းမှာ သြဂုတ် ၂၆ ရက် ည ၆ နာရီ ၁၅ မိနစ်လောက် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းက သိရပါတယ်။

အဲဒီ ဆီဘောက်ဆာယာဉ်ဟာ အင်းစိန်ဘက်ကနေ လှိုင်သာယာဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကားဘီးကျွတ်ထွက်ပြီး တိမ်းမှောက်ခဲ့တာလို့ သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးအနက် ယာဉ်မောင်းဖြစ်သူ ခြေထောက်ဒဏ်ရာရှိခဲ့ပေမယ် ယာဉ်နောက်လိုက်ကတော့ ထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူးလို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းကို မြတ်သုခလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ လှိုင်သာယာပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဆီဘောက်ဆာယာဉ်မှ ယိုစိမ့်နေတဲ့  ဆီများအား မီးလောင်မှုမဖြစ်ပွားစေရေးအတွက် လှိုင်သာယာမြို့နယ်မီးသတ်နဲ့ အင်းစိန်မြို့နယ်မီးသတ်က အမြှုပ်ဆေးရည်နဲ့ ပက်ဖြန်းခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013