DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းရဲအရာရှိ မြဝတီမြို့၌ ဖမ်းမိ
DVB
·
August 26, 2021
ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းရဲအရာရှိ     မြဝတီမြို့၌ ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ၊ နခွမ်းဆဝမ်ရဲစခန်းမှာ မူးယစ်တရားခံတစ်ဦးကို သေဆုံးတဲ့အထိ ငွေညှစ်နှိပ်စက်ခဲ့လို့  ဖမ်းဝရမ်းထုတ်ထားတဲ့ ရဲမှူးကြီး ထိတီဆန် အူဖတ်နတ်ဖွန်း ခေါ် စခန်းမှူး“ ကျို့ ဟာ တာ့ခ်ခရိုင်ကနေ  မြန်မာနိုင်ငံ မြဝတီဘက်ကို တိမ်းရှောင်သွားတယ်လို့ မဒီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သူဟာ မြဝတီမှာ ရှိနေတယ်ဆိုတာကို အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က သိရှိပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေနဲ့အတူ ဖမ်းဆီးခဲ့ပြီး Resort တစ်ခုမှာ ယာယီထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းရတ်သတင်းမှာတော့ သူဟာ မဲဆောက်ဘက်ကနေ မြဝတီဘက်တိမ်းရှောင်ပြီး တာဝန်ရှိသူတွေက အပူတပြင်းလိုက်ရှာနေတဲ့ ဖိစီးမှုကို မခံနိုင်တာကြောင့် ကိုယ်တိုင်အဖမ်းခံမယ့်အကြောင်း တိုင်းဒေသ ၆ ရဲဌာနချုပ်ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။  

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားရဲချုပ်ကြီး ဆူဝပ် ကျဲန့်ယွတ်ဆုခ်ကိုယ်တိုင် ဒီနေ့ည ထိုင်းစံတော်ချိန် ၉ နာရီမှာ သတင်းစာရှင်းလင်းမယ်လို့ ဆိုပါတယ်။

နခွမ်းဆဝမ်ရဲစခန်းမှာ မူးယစ်တရားခံတစ်ဦးကို သေဆုံးတဲ့ထိ  ငွေညှစ်စစ်ဆေးခဲ့တဲ့ စခန်းမှူးနဲ့ အပေါင်းပါ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၆ ရက်မနက်အထိ ၅ ဦးကို ဖမ်းဆီးရမိပြီး အဓိကအကျဆုံးဖြစ်တဲ့ စခန်းမှူး ကျို့ ခေါ် ရဲမှူးကြီး ထိတီဆန် အုတ်ထနဖွန်း ( ၃၉ နှစ် ) နဲ့ ရဲအုပ်  ၁ ဦးတို့ လွတ်မြောက်နေရာမှာ စခန်းမှူးကျို့ကို မြဝတီမှာ ထပ်မံဖမ်းမိခဲ့တာပါ။

တာဝန်ရှိသူတွေဟာ မနေ့က စခန်းမှူးကျို့ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရှာ ဖွေရာမှာ သူ့ရဲ့နေအိမ်ဟာ ၂ ဧကရှိခြံကျယ်ကြီးထဲမှာ ရေကူးကန်တွေနဲ့ ဟိုတယ်သမျှ ခမ်းနားစွာ တည်ဆောက်ထားပြီး နောက်ဆုံးပေါ်ဇိမ်ခံကား အစီးရေ ၃၀ ခန့်ကိုလည်း တွေ့ရှိရပါတယ်။ 

ဒါ့အပြင် ငွေကြေးပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၃၀ ကျော်ရှိကြောင်း၊ ရဲမှူးကြီးတစ်ယောက်ရဲ့ လစာဟာ ဘတ် ၄၀၀၀၀ သာရှိပြီး အခုလိုကြွယ်ဝချမ်းသာနေရတဲ့ အကြောင်းရင်းကိုလည်း တာဝန်ရှိသူက ဆက်လက်စုံစမ်းနေပါတယ်။

နခွမ်းဆဝမ်မြို့မှာ ဒီလဆန်းပိုင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးသူ အသက် ၂၀ ကျော်ရွယ် စုံတွဲတစ်ခုကို ရဲတွေဖမ်းမိပြီး သူတို့ ဘတ် ၂ သန်းပေးရင် အမှုက လွတ်ပေးမယ်လို့ ညှိနှိုင်းပေမယ့် တရားခံက ၁ သန်းဘဲပေးနိုင်တာကြောင့် စခန်းမှူးကိုယ်တိုင် အိပ်နဲ့ ခေါင်းစွပ်ပြီး ညှဉ်းပန်းငွေညှစ်ရာက တရားခံသေဆုံးခဲ့တာ ဖြစ်ပါတယ်၊ အဆိုပါဖြစ်စဉ်ကို အောက်ခြေ ဝန်ထမ်းတွေက မခံမရပ်နိုင်ဖြစ်ပြီး ရဲချုပ်ရုံးနဲ့ ရှေ့နေတွေကို တိုင်ကြားခဲ့ရာက လူသိရှင်ကြားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

Photo-Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013